0
ရန်ကုန် နိုဝင်ဘာ ၂၉

ရဲတပ်ဖွဲ့များကို သာမက အရပ်ဖက် လူ့အဖွဲ့အစည်း များနှင့်မီဒီယာ များကို ပါ EU မှ စွမ်းရည်မြင့် သင်တန်းများ တိုက်ရိုက်ပေးသွားရန် အစီအစဉ် ရှိကြောင်း ဥရောပသမဂ္ဂ သံအမတ်ကြီး မစ္စတာ ရိုလန်ကိုဘီယာ က ပြောသည်။

နှစ်ပေါင်း ၅၀ ကျော်အတွင်း EU က မြန်မာနိုင်ငံ ရှိ ရဲများအား ပထမဆုံး သင်တန်းပေးမှုကို ယခုလဆန်း ပိုင်းအတွင်း ပြုလုပ်ခဲ့ပြီးနောက်ပိုင်းတွင် အရပ်ဘက် လူ့အဖွဲ့အစည်း များအား သင်တန်းပေးမည်ဟု ၄င်းက ပြောကြားခဲ့သည်။

အချိန် ၁၈ လ တာ ယူသွားမည့် EU က မြန်မာအပေါ် လူ့စွမ်းအား အရင်းအမြစ် များဖွံ့ဖြိုးမှု အတွက် ပံ့ပိုးကူညီသွားမည့် အပေါ် ပြည်တွင်း ၊ ပြည်ပ မီဒီယာ များ နှင့် တွေ့ဆုံမှုတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

ဇော်မျိုးသူ

အေးချမ်းမွန် Credit To >Popular Myanmar News Journal < Thankhttps://www.facebook.com/excellencemedia
1

Post a Comment

 
Top