==========================================
နိုင်နိုင်ဇော်
==========================================
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ။ ။ မြန်မာ နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု၏ တာဝန်ယူမှုဆိုင်ရာအဓိပ္ပာယ် ဖွင့်ဆိုချက်နှင့်ပတ်သက် ၍ ဒေါ် အောင်ဆန်းစုကြည်နှင့် ပြည်ထောင် စုဝန်ကြီး ဦးစိုးသိန်းအကြား အ မြင်ကွဲလွဲမှုများရှိနေကြောင်း သိ ရသည်။
အီးယူ-မြန်မာစီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ၏အဖွင့်မိန့် ခွန်း တွင် ပြည်ထောင် စု ဝန်ကြီးဦး စိုးသိန်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူများ မြန်မာ နိုင်ငံအတွင်း စီးပွား လုပ်ကိုင်ရာတွင် CSR(Coporate Social Responsibility) အား ထည့်သွင်းလုပ်ဆောင်ပေး ရန် ပြော ဆိုမှုတွင် နိုင်ငံရေးနှင့် ဥပဒေရေး ရာတာဝန်ယူမှုမှာလည်း အစိုးရ ပြန်လည် လုပ်ဆောင် ရန် လိုဟု ဒေါ်အောင်ဆန်းစုကြည် က ပြော ဆိုလိုက်ခြင်းဖြစ် သည်။
နိုဝင်ဘာ ၁၄ရက် ရန်ကုန် မြို့ ကုန်သည်များနှင့် စက်မှုလုပ် ငန်းရှင်များ အသင်း၌ပြုလုပ်သော အီးယူ-မြန်မာစီးပွားရေး ဆိုင်ရာ ဟောပြောပွဲတွင် ယင်းကပြောဆို ခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် က ''နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ကို CSR လုပ်ငန်း စဉ်တွေ ကိုပြော ဆိုသလို မြန်မာနိုင်ငံမှာ ဆိုးရွား နေတဲ့ နိုင်ငံရေး တာဝန်ယူမှု ၊ ဥ ပဒေရေးရာတာဝန်ယူမှု၊ တည် ငြိမ်ပြီးအေးဆေးတဲ့ အခြေ အနေ မျိုးတွေဖြစ်ပေါ်အောင် ဆောင် ရွက်ပေးရမယ့် တာဝန်တွေ လဲ ပြန်လည် နားလည် ထားဖို့လို တယ်။ ဒါမှ နိုင်ငံခြားလုပ်ငန်းရှင်တွေ၊ ရင်းနှီးမြှုပ်နှံသူတွေ လုပ်သာကိုင် သာဖြစ်မယ်''ဟုဆိုသည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/MMGpVO
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment