0

မင်းမင်း| သောကြာနေ့၊ နိုဝင်ဘာလ ၈ ရက် ၂၀၁၃ ခုနှစ်

နှစ်နှစ်နီးပါးအတွင်း ရန်ကုန်တိုင်းအတွင်းရှိ ယာဉ်မရပ်ရနေရာများတွင် ရပ်တန့်ထားသည့် ကုန်တင်ယာဉ် အစီးပေါင်း ၄၀၀၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးတရားရုံးတွင် အရေးယူခဲ့သည်ဟု ရန် ကုန်မြို့တော်ဝန် ဦးလှမြင့်က နိုဝင်ဘာ ၇ ရက် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြောဆိုလိုက်သည်။

ယင်းအပြင် ညအိပ်ရပ်နားထားသော နောက်တွဲယာဉ်အစီးပေါင်း ၃၃၀ကိုလည်း အရေးယူရန် ယာဉ်ထိန်း တရားရုံးသို့ ပေးပို့ခဲ့သည်ဟုလည်း ၎င်းက ပြောသည်။

လမ်းမများတွင် ညအိပ်ရပ်နားထားသည့် ယာဉ်ကြီးများကို အရေးယူရန် ဒေါပုံမြို့နယ်မှ တိုင်းလွှတ်တော် အမတ် ဦးဝေဇင်၏ မေးခွန်းကို နိုဝင်ဘာ ၇ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် မြို့တော် ၀န်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါယာဉ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးတရားရုံးမှ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေး နည်းဥပဒေ ပုဒ်မ ၃၀ဖြင့်လည်းကောင်း၊ ယာဉ်ထိန်းတရားရုံးမှ ၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေ အရလည်းကောင်း အရေးယူ ဆောင်ရွက်ခဲ့သည်ဟုလည်း မြို့တော်ဝန်က ပြောသည်။

လမ်းမကြီးများတွင် ထိုယာဉ်ကြီးများ ညအိပ်ရပ်နားထားသည့်အတွက် “လမ်းသွားလမ်းလာများနှင့် မော် တော်ယာဉ်များအတွက် အနှောင့်အယှက်ဖြစ်ရပါတယ်”ဟု ဦးဝေဇင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

အဆိုပါ စည်းကမ်းမဲ့ရပ်ထားသောယာဉ်ကြီးများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီလက် အောက်ရှိ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ ၀န်ထမ်းများနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ ပူး ပေါင်းပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီထိတစ်ကြိမ်၊ ည ၆ နာရီမှ ည ၁၂နာရီထိတစ်ကြိမ် တစ်ရက်လျှင် နှစ်ကြိမ်နှုန်းဖြင့် ရန်ကုန်မြို့ အဓိကလမ်းများတွင် လိုက်လံ စစ်ဆေးနေသည်ဟု မြို့တော်ဝန်က အမတ် များကို လွှတ်တော်တွင် ပြောသည်။

ထိုကဲ့သို့ လိုက်လံစစ်ဆေးနေသော အဓိကလမ်းမများမှာ ပြည်လမ်း၊ ခရေပင်လမ်း၊ ဒညင်းကုန်းလမ်းဆုံ၊ အောက်မင်္ဂလာဒုံလမ်း၊ ညောင်တုန်းလမ်း၊ မင်းဓမ္မလမ်း၊ ပါရမီလမ်း၊ လေဆိပ်လမ်း၊ ဗဟိုလမ်း၊ ရွှေပြည် သာတံတားလမ်း၊ လှိုင်မြစ်လမ်း၊ အမှတ်(၃)လမ်း၊ အမှတ်(၂)လမ်း၊ သံသုမာလမ်း၊ ယမုံနာလမ်း၊ ရှုခင်း သာလမ်းနှင့် ကမ်းနားလမ်းတို့ဖြစ်သည်။

အေးချမ်းမွန် Credit To >Mizzima - News in Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top