၁၄-၁၁-၂၀၁၃
လက်ပန်တောင်းတောင်ဒေသမိုးကြိုးပြင်ကျေးရွာသားများ
စိုက်ပျိုးလုပ်ကိုင်စားသောက်နေသည့်ယာမြေများဧက(၁၂၀၀)ကျော်ကို
သွားလာခွင့်(၁၂-၁၁-၂၀၁၃)ရက်နေ့မှစ၍
ကြေးနီစီမံကိန်းအတွက်လုံထိန်းရဲများမှကန့်သတ်လိုက်သည့်အတွက်
ကန့်ကွက်ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်၊၊
(၁၄-၁၁-၂၀၁၃)ရက်နေ့ည(၈)နာရီခန့်တွင်လုံထိန်းများနှင့်
ဒေသခံများပဋိပက္ခများဖြစ်ပေါ်ခဲ့ပြီးလုံထိန်းရဲများမှသေနတ်ဖြင့်
လယ်သမားများအားပစ်ခတ်ခဲ့ရာရွားသားခုနှစ်ဦးခန့်ကျည်ဆံထိမှန်ခဲ့သည်၊၊
မိုးကြိုးပြင်ကျေးရွာအုပ်စုသည်တရားဝင်ရွာမဟုတ်ပေမယ့်
ဘာမှမပြောပဲထားခဲ့ကြောင်း
ဆားလင်းကြီးမြို့နယ်အုပ်ချုပ်ရေးမှုးကျော်သောင်းမှ
(၁၄-၁၁၂၀၁၃)ရက်နေ့တွင်ပြောကြားခဲ့သည့်အတွက်
သူပုန်ရွာလိုသတ်မှတ်၍ပစ်ခတ်ခဲ့သလားဟုကျေးရွာသားများ
ပြောကြားနေကြသည်၊၊
စီမံကိန်းအတွက်ဖျက်သိမ်းပေးရမည့်တရားဝင်ကျေးရွာများမှာ
ဆည်တည်း၊ဝက်မှေး၊ဇီးတော၊ကံတောစုစုပေါ်င်း(၄)ရွာသာဖြစ်ပြီး
ယခုဆိုလျှင်မိုးကြိုးပြင်ကျေးရွာများပါ၊
ဖျက်သိမ်းခံရမည့်ရွာများဖြစ်သွားပြီဖြစ်သည်၊၊
၁၄-၁၁-၂၀၁၃
သေနတ်ကျည်ဆံထိမှန်ခဲ့သည့်မအေးစန်း
အေးချမ်းမွန် Credit To > Sa Maunghttps://www.facebook.com/excellencemedia

အေးချမ်းမွန် Credit To > Sa Maung
Post a Comment