Home
»
ပြည်တွင်းရေး
» ဘာသာရေးအဆောက်အအုံများဖောက်ခွဲမည့်အဖွဲ့ ရန်ကုန်၌ဖမ်းမိ၊မြေပေါ်အဖွဲ့အချို့ပါဝင်ပတ်သက်နေဟုဆို
Wednesday, November 20, 2013ဘာသာရေးအဆောက်အအုံများကို ဖောက်ခွဲမှုများပြုလုပ်ရန်စီစဉ်ဆောင်ရွက်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များက ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့များသည် ယခုလ ၁၃ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အတွင်းပဒံကျေးရွာ အမှတ် (၃/၄) ရှို့ အအေးခန်း ဧည့်ရိပ်သာအခန်းအမှတ် (ဘီ-၁၅)သို့ ဝင်ရောက်ရှာဖွေရာ တင်မောင်(ခ)ခိုင်နေမင်း အသက်(၃၄)နှစ် (ဘ)ဦးစိုးစံဝင်းကို ဖောက်ခွဲရေးပစ္စည်းများဖြစ်သည့် ယမ်းနှင့်ဆက်
စပ်ပစ္စည်းများတပ်ဆင်နေစဉ် ဖမ်းဆီးရမိခြင်းဖြစ်သည်။
တင်မောင်(ခ)ခိုင်နေမင်းကိုစစ်ဆေးချက်အရ ကွင်းဆက်တရားခံများဖြစ်သော သိန်းညွန့် အသက်(၃၁)နှစ် (ဘ)ဦးသိန်းကျော်အောင်ကို ယင်းနေ့ မွန်းတည့် ၁၂ နာရီတွင်လည်းကောင်း၊ ဘိုဘို(ခ) ဘိုဘိုထွန်း (၂၈)နှစ် (ဘ)ဦးသိန်းထွန်းအား ယခုလ ၁၆ ရက် နံနက် ၁ နာရီတွင် လည်းကောင်းဖမ်းဆီးရမိခဲ့သည်။ ၄င်းတို့၏ထွက်ဆိုချက်များအရ တင်မောင်(ခ)ခိုင်နေမင်းသည် ယခုနှစ် ဇူလိုင် ၃ ရက်မှစတင်၍ နယ်စပ်တွင် မိုင်းထောင်နည်းသင်တန်းသို့ တက်ရောက်ခဲ့ ကြောင်း၊ ယခုလ ၁၂ ရက်တွင် ဘိုဘိုထွန်းထံမှ အသင့်ဆင်ပြီး လက်လုပ်မိုင်းနှစ်လုံး၊ ယမ်းကတ်တစ်ထုပ်၊ ခဲရောင်ယမ်းသုံးခုတို့ကိုရရှိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ ၄င်းတို့အနေဖြင့် ဘာသာရေးအဆောက်
အအုံများကို ပစ်မှတ် ထားတိုက်ခိုက်ရန်ရည်ရွယ်ဆောင်ရွက်
ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
ယခုဖြစ်စဉ်တွင် နောက်ကွယ်မှဆက်စပ်ပါဝင်သူများရှိသကဲ့သို့ မြေပေါ်အဖွဲ့အစည်းအချို့ ပါဝင်ပတ်သက်မှုများရှိနေကြောင်းဖော်ထုတ်သိရှိရသဖြင့် ဆက်စပ်တရားခံများအား ဖော်ထုတ် ဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အေးချမ်းမွန် Credit To > The Union Daily https://www.facebook.com/excellencemedia
Post a Comment