ရန်ကုန်- နိုဝင်ဘာလ ၂၀
ရန်ကုန်မြို့၊ ဓမ္မစေတီလမ်းရှိ Business Alliance Hotel တွင် KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)တို့ သည် နိဝင်ဘာ၁၉ရက် ညနေ ၄း၀၀ နာရီ အချိန်ကတစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုအံ့ဘွယ်ကျော် နှင့် ကိုထွန်းမြင့်အောင်တို့ တက်ရောက်ခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးရရှိရေးနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အနာဂတ်နိုင်ငံရေးတွင် တူညီသောနိုင်ငံရေးသဘောထားများကို အတူပူးပေါင်းဆောင်ရွက်ရန်လည်း နှစ်ဖက်သဘောတူညီခဲ့ကြကြောင်းThe 88 Generation Peace and Open Societyမှသိရသည်။
အေးချမ်းမွန် Credit To > Popular Myanmar News Journal

Post a Comment