ဂျာကတာ ၊ နိုဝင်ဘာ ၁၉ ၊ Ref Global Times
တရုတ်နိုင်ငံ ဟေနန်ပြည် နယ်မှ ကမ္ဘာလှည့်ခရီးသွား ၁၃ ဦးအား တင်ဆောင်လာသော ဘတ်စ်ကားတစ်စီးမှာ အင်ဒိုနီး ရှားနိုင်ငံ ဘာလီကျွန်း၌ ချောက် ထဲသို့ ထိုးကျသွားခဲ့ရာ ငါးဦးသေ ဆုံးခဲ့ကြောင်း ဆေးရုံသတင်းများ က ဖော်ပြခဲ့သည်။ဘာလီ၊ ဆန်ဂလာဆေးရုံ မှ ဥပဒေဆိုင်ရာအကြီးအကဲဒူဒတ် ရပ်စ်တီယာဒီက ပြောကြားရာ တွင် ၎င်းအနေဖြင့် တရုတ်ခရီး သွားလေးဦး၏ အလောင်းကို လက်ခံရရှိခဲ့သည်ဟု ဆိုသည်။
နောက်ထပ်အလောင်း တစ်လောင်းမှာ BIMC ဘူတာ ဆေးရုံမှ ဆန်ဂလာဆေးရုံသို့ သယ်ဆောင်လာနေဆဲဖြစ်သည် ဟု ၎င်းက အွန်လိုင်းအချက်အ လက်များကို ကိုးကား၍ ဖော်ပြ ခဲ့သည်။ကျွန်တော်တို့ အလောင်း ခြောက်ခုလက်ခံရရှိခဲ့ကြောင်း လေးခုမှာ တရုတ်ခရီးသည်များ ဖြစ်ကြောင်း မည်သူမည်ဝါဖြစ် သည်ကို ခွဲခြားပြီးဖြစ်သည်ဟု ဒူ ဒတ်က ပြောခဲ့သည်။ တရုတ်လူ မျိုးလေးဦးမှာ အမျိုးသားများ ဖြစ်ကြပြီး အသက်၅ဝနှစ်စီ ရှိကြ သည်ဟု ဆိုသည်။
ဘတ်စ်ဒရိုင် ဘာနှင့် ဧည့်လမ်းညွှန်မှာ အင်ဒို နီးရှားလူမျိုးများဖြစ်ကြပြီး မီတာ ၂ဝနက်သည့်ချောက်ထဲသို့ ဘတ်စ် ကားကျပြီးနောက် ၎င်းတို့လည်း သေဆုံးခဲ့ကြသည်ဟု ဆိုသည်။ဘတ်စ်ကားမှာ အူလူဝတ် တူဘုရားကျောင်းသို့ ဆူလာဘန် ကမ်းခြေမှလာစဉ် ချောက်ထဲသို့ ကျဆင်းခဲ့ခြင်းဖြစ်သည်။ စော စောပိုင်းသတင်းများအရ အရှေ့ ဂျာဗား ဆူရာဘယာရှိ တရုတ် ကောင်စစ်ဝန်ရုံးက ကားမှောက်ပြီး လူငါးဦးသေဆုံး၍ တရုတ်သုံးဦး ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
အေးချမ်းမွန် Credit To >Yangon Media Group

Post a Comment