နိုဝင်ဘာ၊ ၂၉။
နိုဝင်ဘာလ ၂၈ရက်က အစ္စရေးကာကွယ်ရေးဝန်ကြီး မိုရှီယာလွန်က အစ္စရေးစစ်လက်နက်ထုတ်လုပ်ရေးလီမိတတ် (IMI) က မထုတ်လုပ်နိုင်တော့သော နာမည်ကျော် အူဇီစက်သေနတ်
ထုတ်လုပ်မှုကို ပုဂ္ဂလိက ချပေးရန်စီစဉ်ကြောင်း ကြေညာခဲ့သည်။
ယာလွန်က အူဇီကို ပုဂ္ဂလိကချပေးရန် အလွန်ကျေနပ်နေကြောင်းလည်း၊ လက်ရှိ IMI မှာ မူ လုပ်ကိုင်ခွင့်များ ပျောက်ဆုံး နေကြောင်း ဆိုသည်။
အကယ်၍ ပုဂ္ဂလိကချပေးခဲ့လျှင် ကာကွယ်ရေး ၀န်ကြီးဌာနသည်
ရှက်ကဲလ် သန်း၃၀၀ ခန့် (ဒေါ်လာ ၈၄သန်းခန့်) ဘတ်ဂျက် ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘတ်ဂျတ်လိုငွေအတွက် လာမည့်ငါးနှစ်အတွင်း တစ်နှစ်လျှင် ရှက်ကဲလ်သန်း၅၀၀ ပြည့်မီရန် ကတိပေးထားခဲ့သည့်အတွက် အူဇီထုတ်လုပ်မှုကို လွှဲပြောင်းနိုင်ခဲ့လျှင် ယခုနှစ်အတွက်
ရှက်ဂဲလ်သန်း၂၀၀ သာ ရှာရတော့မည် ဖြစ်သည်။
ယခုအစီအစဉ်သည် အစိုးရကုမ္ပဏီအသစ်အတွက်
အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်းများ ရရန် အာမခံချက် ပေးနိုင်လိမ့်မည်ဟု ယာလွန်က ဆိုသည်။
အူဇီသေနတ်ပေါင်း ၁၀သန်းကျော် ထုတ်လုပ်ခဲ့သော IMI သည် ဂါလီရိုင်ဖယ်၊ စက်သေနတ်များ၊ ကျည်ကာဝတ်စုံ များလည်း ထုတ်လုပ်လျက်ရှိပြီး လုံခြုံရေးတပ်သားများနှင့် သက်တော်စောင့်များ လေ့ကျင့်ပေးနေသော
နေရာဖြစ်သည်။
Ref: AP
အေးချမ်းမွန် Credit To >The Myanma Age < Thankhttps://www.facebook.com/excellencemedia
Post a Comment