ရန်ကုန်၊ နိုဝင်ဘာ ၂၉
ပြီးခဲ့သည့်လက လေးအေးပေးစက်တပ် မြို့ပတ်ရထားများ စတင်ပြေးဆွဲစဉ်က ခရီးသည်တစ်ဦးကို လေးရာနှင့်ပြေးဆွဲ ရာမှ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဇ ရထား မြို့ပတ်
ရထားကို ခရီးသည်တစ်ဦကို သုံးရာကျပ်နှင့် ၀ယ်ယူစီးနင်း
နိုင်ကြောင်း တံတားလေးဘူတာရုံပိုင် ဦးကျော်ဆန်းက
ပြောကြားသည်။
အခြေခံလူတန်းစားများသည် လေးရာကို ကလေးမုန့်ဖိုး
သုံးလို့ ရသည်ဟုဆိုကာ မစီးသလောက်ဖြစ်လာပြီး
တစ်နေလုံးနေမှ လူ ၆ဦးခန့်သာ စီးကြောင်း ၎င်းက
ဆက်လက်ရှင်းပြသည်။
စနေ၊တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များတွင် လူစီးများသော်
လည်း အများဆုံး ၅၀၊၆၀ ခန့်သာစီးနှင်းကြပြီး လူစီးတွဲ
အပြည့်စီးသည့် လူ ၈၀ ပြည့် လျှင်တောင် တစ်ခေါက်ကို
နှစ်သိန်းခန့် မြန်မာ့မီးရထားမှ အရှုံးခံကြောင်း တစ်ရက်
ရှစ်ခေါက်ဆိုလျှင် ၁၆ သိန်းအရှုံးခံနေရကြောင်း မြန်မာ့
မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြို့ပတ်ရထားကို ဈေးသက်သာ၍ စီးကြခြင်းဖြစ်ကြောင်း
လေးအေးပေးစက်ထက် အချိန်မှန်ရန်လိုအပ်ကြောင်း
ရထားဖြင့် မြို့ထဲသို့ ရုံးတက် သူ ကုမ္ပဏီဝန်ထမ်း ဦးလှမြင့်က ပြောကြားသည်။
“မြို့ပတ်စီးတာ ဇိမ်ခံဖို့ မဟုတ်ဘူး အချိန်မှန်ဖို့
အရေးကြီးတယ်”ဟု သူကဆိုသည်။
အောက်တိုဘာလ ၅ ရက်နေ့က စတင်ပြီး လေအေးပေး
ရထားများကို ပထမဆုံး စတင်ပြေးဆွဲခဲ့သည်။
ချစ်ကိုကို
အေးချမ်းမွန် Credit To >People power < Thankhttps://www.facebook.com/
Post a Comment