0

Wednesday, November 20, 2013

သင်္ချာမေးခွန်း မဖြေနိုင်တဲ့ကျောင်းသူ (၅)ယောက်အား အတန်းဖေါ် ကျောင်းသား (၅)ယောက်ကို ဖက်နမ်း ခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည်ဆိုပြီးပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူကျောင်းသူမိဘများမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်၊

ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများအား သင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ ထွက်စေခဲ့ပြီး ကျောင်းသား(၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာ

ယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်းခံနေရသည့် ကိစ္စ ကို ကျောင်းသူများမှ မပြောဆိုရဲခဲ့ကြသော်လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူ ဦးကျော်ဌေးကို ပြောပြလိုက်မိရာမ ထိုသတင်းရွာထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်း တက်တက် ချင်းအနမ်းခိုင်းခဲ့သူ အတန်းပိုင်ဆရာမှ အနမ်းခံခဲ့ရသူ ကျောင်းသူ(၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ထုတ်၍ ပြင်းထန်စွာရိုက်နှက်ခဲ့ပါသည်၊
ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည် ဟု ဆိုပါသည်၊ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသားမိဘများမှ ကျေနပ်ခြင်းမရှိသောကြောင့် ကသာ မြို့နယ် ပညာရေးမှူးထံ အဖိုးဖြစ်သူ ဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင် ကြားခဲ့ ပါသည်၊ ထိုသို့တိုင်ကြားနေစဉ် အ.မ.က(၂၈) ကျောင်းအုပ် ဒေါ်ဥမ္မာစိုး ရောက်လာသဖြင့် မြို့နယ် ပညာရေးမှူး မှ ရွာသို့ ပြန်၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ရာဦးကျော်ဌေးမှ မညှိနှိုင်းလိုကြောင်း ဌာနဆိုင်ရာ အရေးယူမှုသာ ပြုလုပ်ပေးရန်တောင်းဆို တိုင်ကြားခဲ့သည် ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်၊

ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊အခြားအနမ်းခံ ရသူ ကျောင်းသူ(၄)ယောက်အားအတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက် ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်း ချောက် နေကြောင်းလည်း ပြောပြ ပါသည်၊ ထိုဖြစ်စဉ်နှင့် ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက် သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေး ရန် ညွှန်ကြား သွားမည်ဖြစ်ကြောင်း အတည်ပြု ဖြေကြားသွားခဲ့ပါသည်။

ဟာဂျူလီ-ကသာ

အေးချမ်းမွန် Credit To > Myanmar News Media https://www.facebook.com/excellencemedia

Post a Comment

 
Top