အတွဲ (၁၄)၊ အမှတ် (၄၃)
အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်း ချေးယူ၍ တာဝါတိုင်များ တိုးချဲ့ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်လက် နည်းပညာဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ပြောကြားသည်။
Transmission အတွက် ဖိုက်ဘာကြိုးများ မြေကြီးအတွင်း ချခင်ခြင်း၊ မိုက်ခရိုဝေ့ဖ် ဆက်ကြောင်းနှင့် ဂြိုဟ်တုဆက်ကြောင်းများ တပ်ဆင်ခြင်း၊ ဆက်သွယ်ရေး Network အမေရိကန် ဒေါ်လာချေးငွေဖြင့် တာဝါ တိုင် တိုးချဲ့ တည်ဆောက်ခြင်း အပါအဝင် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဟု ဒုတိယဝန်ကြီး ပြောကြား ပစ္စည်းတပ်ဆင်ခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက အောက် တိုဘာလ ၃၁ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ ဆက်သွယ်ရေး အခြေခံအဆောက်အဦ တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု လိုအပ်လျက် ရှိပြီး၊ ဘတ်ဂျက်ပြည်ပ ရင်းနှီးမြှုပ်နှံမှု အပြင် ချေးငွေသုံးစွဲရန်လည်း လိုအပ်ကြောင်း ဒုတိယဝန်ကြီးက ပြောသည်။
ယခုချေးငွေမှာ အတိုးနှုန်းသက်သာခြင်း၊ စက်ပစ္စည်းများကို ၎င်းတို့သတ်မှတ်သည့် နှုန်းထားဖြင့် ဝယ်ယူရမည်ဟု သတ်မှတ် မထားခြင်းတို့ကြောင့် ချေးငွေ သုံးစွဲခွင့်ပြုနိုင်ရန် ဒုတိယ ဝန်ကြီးက နိုင်ငံတော် သမ္မတ ထံမှ သ၀ဏ်လွှာအဖြစ် ပေးပို့ထားသော ကိုရီးယား သမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ(KEDCF) မှ အတိုးနှုန်း သက်သာသော ချေးငွေ အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၈၇၄ သန်း ရယူပြီး စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
အေးချမ်းမွန် Credit To >Internet Journal
Post a Comment