0


ကဗျာလိုလို စာလေးတစ်ပုဒ် ဖတ်လိုက်ရတယ်..
“ငါဝမ်းနည်းနေရင် ငါနဲ့လိုက်ဝမ်းနည်းမယ့်သူ၊
ငါပျော်ရွှင်နေရင် ငါနဲ့လိုက်ပျော်ရွှင်မယ့်သူ၊
ငါနဲ့အတူတူ လိုက်ခံစားပေးမယ့်သူဟာ
ငါ့ရဲ့အဖော်ကောင်းအစစ်ပဲ..” တဲ့…

ဒါဆို…
ကိုယ်ဝမ်းနည်းလို့ သူပါဝမ်းနည်းရမယ်ဆိုရင် နှစ်ယောက်စလုံး ဘယ်လိုစိတ်ချမ်းသာတော့မလဲ?
ကိုယ်ဝမ်းနည်းလို့ သူဝမ်းနည်းပေးမှ အဖော်ကောင်းတစ်ယောက်ဖြစ်မှာလား..
စဉ်းစားကြည့်မိတာလေးပါ…။ အပြစ်သဘောနဲ့ပြောဆိုချင်တာမျိုး မဟုတ်ရပါဘူး။
ကိုယ်စိတ်ညစ်နေလို့ သူပါစိတ်ညစ်ပြရမယ်ဆိုရင် အော်… သူကငါ့ကို ချစ်သားပဲဆိုတဲ့
နဲနဲစိတ်ကျေနပ်သလိုအတွေးမျိုးဟာ တကယ်တမ်းလက်တွေ့ဘဝမှာ အသုံးမဝင်လှပါဘူး။

တကယ်ဖြစ်သင့်တာက..
အတူလက်တွဲလျှောက်မယ့်တို့တတွေဟာ..
တစ်ယောက်လဲကျရင် တစ်ယောက်က လိုက်လဲကျပေးဖို့မလိုဘူး။
တစ်ယောက်လဲကျရင် တစ်ယောက်ကထူမဖို့ အားအင်ရှိနေရမယ်။

တစ်ယောက်ဝမ်းနည်းရင် နောက်တစ်ယောက်ကပါ လိုက်ငိုပေးဖို့မလိုဘူး။
တစ်ယာက်ဝမ်းနည်းရင် နောက်တစ်ယောက်က ကူသုတ်ပေးတတ်ရမယ်။

တစ်ယောက်က ဝမ်းနည်းအားငယ်နေလို့ နောက်တစ်ယောက်က ဝမ်းနည်းပေးစရာမလိုဘူး။
တစ်ယောက်က အားငယ်နေရင် တစ်ယောက်က အားပေးတတ်ရမယ်။

တစ်ယောက်စိတ်ညစ်လို့ နောက်တစ်ယောက်ကပါ စိတ်ညစ်ပေးရမယ်ဆိုရင်
နှစ်ယောက်စလုံး ဘယ်လိုစိတ်ချမ်းသာတော့မလဲ..?

(ငါဝမ်းနည်းလို့ နင်ဝမ်းနည်းရမယ်ဆိုတဲ့အတွေးထက်… ဒီလိုလေးဖြစ်သင့်တယ်)

★ ငါ ဝမ်းနည်းနေတဲ့အခါ နင်လိုက်ဝမ်းနည်းမနေပါနဲ့။
ငါဝမ်းနည်းလို့ နင်ပါဝမ်းနည်းရမယ်ဆိုရင်
ငါတို့ဘယ်လို စိတ်ချမ်းသာတော့မှာလဲ။

★ ငါအားငယ်ဝမ်းနည်းနေရင်
နင် အားအင်ပြည့်အောင် ကြိုးစားနေပေးပါ..။
ဒါမှ ငါဝမ်းနည်းတာကို ဖေးမပေးနိုင်မယ်။

★ ငါငိုနေရင် နင်ပြုံးနေပေးပါ၊
ဒါမှ ငါပါပြုံးလားဖို့ အားရှိလာမယ်။

★ ငါစိတ်ဆင်းရဲရင် နင်စိတ်ချမ်းချမ်းသာသာနေပါ၊
ဒါမှ ငါပါစိတ်ချမ်းသာလာဖို့ နင်ကူညီနိုင်မယ်။

★ ငါလဲကျရင် နင်မားမားရပ်နေပေးပါ၊
ဒါမှ ငါပြန်ထနိုင်ဖို့ နင်ဆွဲထူနိုင်မယ်။

ဒီလိုသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖြစ်မယ်ဆို...
ပိုအဆင်ပြေတဲ့ စိတ်ချမ်းသာရမယ့် အခြေအနေကို ကူးပြောင်းစေပါတယ်။

နှလုံးသားအာဟာရ
၂၀.၁၀.၂၀၁၃
၈:၂၆ pm

အေးချမ်းမွန် Credit To > နှလုံးသားအာဟာရ https://www.facebook.com/excellencemedia

Post a Comment

 
Top