0


မြန်မာနိုင်ငံ သည် ကမ္ဘာ့ဘဏ် မှ ထုတ်ပြန်သည့် တစ်နှစ်တာ စီးပွား ရေး အဆင့် သတ်မှတ်ချက်တွင် အ ဆင့် ၁၈၂ သာ ရရှိခဲ့ပြီး အညံ့ဆုံး ၁၀ နိုင်ငံ စာရင်း ၀င်ခဲ့ကြောင်း တွေ့ရသည်။

အဆိုပါ စစ်တမ်းကို ပြီးခဲ့သည့် အင်္ဂါနေ့က ထုတ်ပြန်ကြေ ညာခဲ့ခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ၁၈၉ နိုင်ငံသာ ပါဝင်သည့် အနက် မြန်မာနိုင်ငံက အဆင့် ၁၈၂ ရရှိခဲ့သည်။ ယင်း စစ်တမ်းတွင် စင်ကာပူနိုင်ငံက အ ဆင့် ၁ နေရာ ရရှိခဲ့ပြီး အဆင့် ၁၈၉ မှာ အာဖရိက တိုက်မှ ချက်ဒ်နိုင်ငံ ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံ သည် သဘာဝ အရင်းအမြစ်များ ကြွယ်ဝခြင်း၊ ခရီးသွား လုပ်ငန်းများ အလား အလာကောင်းခြင်း၊ အခြေခံ အဆောက် အအုံများ အရေးပေါ် လိုအပ်နေခြင်း တို့ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံ သူများ စိတ်ဝင်စား သည့် နေရာအဖြစ် တည်ရှိနေသည်ဟု ကမ္ဘာ့ဘဏ်၏ ရန်ကုန်အခြေစိုက် အကြီးတန်း စီးပွားရေး ပညာရှင် ချားလက် ရှနိုက်ဒါက ပြောကြားခဲ့ သည်။

အဆိုပါ စစ်တမ်းအရ မြန်မာ နိုင်ငံတွင် စီးပွားရေး လုပ်ငန်းတစ်ခု စတင်ရန် ပျမ်းမျှ အချိန် ၇၂ ရက်ခန့် ယူရသော်လည်း စင်ကာပူတွင် ၂ ရက်ခွဲ၊ ထိုင်းတွင် ၂၇ ရက်ခွဲ၊ မလေး ရှားတွင် ၆ သာ ကြာမြင့်ကြောင်း သိရသည်။

ကမ္ဘာ့စီးပွားရေးအညံ့ဆုံး(၁၀)နိုင်ငံ
(၁) ချက်ဒ်
(၂) ဗဟိုအာဖရိက
(၃) လစ်ဗျား
(၄) တောင်ဆူဒန်
(၅) ကွန်ဂို
(၆) အီရီထရီရာ
(၇) ကွန်ဂို DR
(၈) မြန်မာ
(၉) ဗင်နီဇွဲလား
(၁၀) ဂီနီယာ

United Media Group

အေးချမ်းမွန် Credit To > သတင်းပေါင်းစုံ https://www.facebook.com/excellencemedia

Post a Comment

 
Top