အမျိုးသမီးများ အနေဖြင့် နေ့စဉ် ဝိုင်တစ်ခွက်၊ သို့မဟုတ် ၂ ခါက် ပုံမှန် သောက်သုံးခြင်းဖြင့် အရိုးကြွပ် ဆတ်ခြင်း ရောဂါမှ ကာကွယ်နိုင်ကြောင်း လေ့လာချက် တစ်ရပ်အရ သိရှိရပါသည်။
အရိုး ကြွပ်ဆတ်ခြင်းသည် ဗြိတိန်နိုင်ငံ၌ အမျိုးသမီး ၃ ဦးလျှင် တစ်ဦး၊ အမျိုးသား ၁၂ ဦးလျှင် တစ်ဦး ဖြစ်ပွား လျက်ရှိပြီး အသက်အရွယ် ကြီးရင့်သူ အရေအတွက် ပိုမို များပြား လာခြင်းကြောင့် အရိုးကြွပ်ဆတ်သူ ပိုမိုများပြား လာကြောင်း လည်း သိရသည်။ ဝိုင်အရက် ပုံမှန် သောက်သုံးခြင်း အပြင် အစားအသောက် ကောင်းမွန်ခြင်းနှင့် လေ့ကျင့်ခန်း ပြုလုပ်ခြင်း တို့သည် အထူး သဖြင့် သွေးဆုံးပြီး အမျိုးသမီး များတွင် အရိုးများ၏ ကျန်းမာရေးကို ပိုမို ကောင်းမွန်စေ ကြောင်း ပါမောက္ခ အာဆူလာ အီဝမ်နီယက်က ပြောကြားခဲ့သည်။
အေးချမ်းမွန် Credit To >မြ၀တီ
Post a Comment