0


တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့ရှိ ပြည်တော်အေး ဘုရားရင်ပြင်တော်ပေါ်၌ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက် နံနက် ၆ နာရီတွင် ကျင်းပခဲ့သော ကလေးအထူး တရားပွဲကို ဂျလန်း(ဆလုံကျွန်း) ဆရာတော် အရှင်ကုသလဇောတိ ဦးဆောင် ကျင်းပခဲ့ရာ ကော့သောင်းမြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသူ၊ ကျောင်းသား ၁၀,၀၀၀ ကျော် တရားတော် နာယူရန် လာရောက်ခဲ့ကြောင်း သိရသည်။

ကလေးအထူး တရားပွဲတွင် ဆရာတော်က ကလေးငယ်များ၏ အနာဂတ်ဘ၀အတွက် လိုအပ်သော တရားများဖြစ်သည့် ထိန်းသိမ်းလိုက်နာ ပညာရှာတရား၊ မိဘကျေးဇူးဆပ်တရား၊ ကုသိုလ်ပညာ ဥစ္စာရှာ တရားများနှင့် မျိုးချစ်စိတ်ဓာတ် အစဉ်မွေးဖွား တရားများကို တတ်သိနားလည်လွယ်အောင် အကျဉ်းချုပ် ဟောပြခဲ့ပြီး တရားပွဲကို နံနက် ၈ ခန့်တွင် ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။

''ကလေးတွေအတွက် တရားပွဲလုပ်ပေးလို့ ဆရာတော်ကိုပိုပြီး ကြည်ညိုမိပါတယ်။ ကလေးတွေလည်း ၀မ်းသာကြတယ်။ ပျော်ကြတယ်။ သူတို့လေးတွေရဲ့ စိတ်ထဲကို နူးညံ့သိမ်မွေ့တဲ့ တရားအသိကို အနည်းငယ် ၀င်ရောက်တယ် ဆိုရင်ပဲ အကျိုးရှိပါတယ်'' လို့ ကလေးများကို တရားပွဲသို့ ပို့ဆောင်ပေးခဲ့သော မိဘတစ်ဦးက ပြောကြားသည်။

ကော့သောင်းတွင် ယခုကဲ့သို့ တရားပွဲများ လစဉ်ကျင်းပပေးရန် လိုအပ်နေကြောင်း၊ နွေရာသီ ကလေးတရား အထူးစခန်းများ ရှိသော်လည်း မကျယ်ပြန့် သေးကြောင်းနှင့် ကလေးများအတွက် ဆရာတော်ကြီးများက ကြိုးစားဆောင်ရွက် နေကြောင်း သိရသည်။

(ပြည်တော်အေး ဘုရားရင်ပြင်တော်ပေါ်ရှိ ကလေးအထူး တရားပွဲသို့ ကျောင်းသား လူငယ်များ တရားနာယူရန် ရောက်ရှိနေကြစဉ်)

အေးချမ်းမွန် Credit To > Eleven Media Group https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top