ပြည်တွင်းခရီးသွားများ ပါမက နိုင်ငံခြားသား ခရီးသွားများပါ စိတ်ဝင်တစား သွားရောက်လေ့ရှိသည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၀ ရက်တွင် စတင်မည်ဖြစ်ကြောင်း သိရှိရသည်။
မီးပုံးပျံပြိုင်ပွဲအတွက် အောက်တိုဘာ ၃၁ ရက် ည နောက်ဆုံး အပိတ်စာရင်းအရ ယခုနှစ်တွင် ညမီးကြီး ၆၇ လုံး၊ စိန်နားပန် ၃၄ လုံး၊ နေ့လွှတ် အရုပ်ပြိုင်ပွဲ ခြေနှစ်ချောင်း ၁၄၁ လုံး၊ ခြေလေးချောင်း ၈၂ လုံး၊ တစ်အုပ်စုလျှင် သုံးကောင်နှင့်အထက် အုပ်စု ၄၆ အုပ်စုတို့ ၀င်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး၊ နိုဝင်ဘာ ၁၀ ရက် ဖွင့်ပွဲမှ ၁၇ ရက်အထိ ရှစ်ရက်လွှတ်တင် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး၊ နိုဝင်ဘာ ၁၈ ရက်တွင် ဆုပေးပွဲနှင့် ပိတ်ပွဲကျင်းပ သွားမည်ဖြစ်ကြောင်း ဖွင့်ပွဲနေ့ ညနေတွင် My Fresh ဖျော်ရည်ကုမ္ပဏီမှ မီးပုံးပျံ အလုံးငယ် ၅၀၀ လွှတ်တင်မည်ဖြစ်ပြီး၊ မီကိုကော်ဖီမစ် ကုမ္ပဏီမှ ရောင်စုံမီးပုံး အရုပ်ကြီးများပြိုင်ပွဲကို တောင်ကြီးမြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
(ပြီးခဲ့သည့်နှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ မြင်ကွင်း)
အေးချမ်းမွန် Credit To > Eleven Media Group
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.