Home
»
ပြည်တွင်းရေး
» အမျိုးသမီးများအကြမ်းဖက်ခံရမှုပပျောက်ရေးဆွေးနွေးပွဲ ကျင်းပမည်
ရန်ကုန် ၊ နိုဝင်ဘာ ၂၃အမျိုးသမီးများအပေါ်အကြမ်းဖက်မှုများဖြစ်လာပါက မည်ကဲ့သို့ ကာကွယ်ရန်နှင့် အမျိုးသမီးများတွင် ရရှိမည့်အခွင့်အရေးများကို ပြည်တွင်းမှ အမျိုးသမီးများသိရှိလာစေရန်ရည်ရွယ်သည့် ဆွေးနွေးပွဲကိုနိုဝင်ဘာ၂၅ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။အဆိုပါဆွေးနွေးပွဲကို ပြည်တွင်းမှ အမျိုးသမီးအဖွဲ့အစည်းတစ်ခုဖြစ်သည့် Women Galaxy မှ ကြီးမှူးကျင်းပမည်ဖြစ်ပြီး မြော်ကဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီး ရှိ ရွှေအိမ်တော်ခန်းမတွင် နေ့လည် ၁နာရီမှ ၃နာရီခွဲအချိန်ထိ ကျင်းပမည် ဖြစ်သည်။ ဆွေးနွေးပွဲအတွင်း နိုင်ငံတကာမှသတ်မှတ်ထားသည့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းများ ပါဝင်မည်ဖြစ်ကာ အဆိုပါရက်တစ်ရက် သတ်မှတ်ရခြင်းသည် မည်သည့်အတွက် ဆောင်ရွက်ရသည် ဆိုသည်များကိုလည်း ဟောပြောဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း Women Galaxy မှ မယဉ်မျိုးလှိုင်ကပြောကြားသည်။ သုတလင်း
အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia
Post a Comment