0

ဖြိုးလွင်အောင်

ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ ကိုရီး ယားနိုင်ငံမှ ပြည်တွင်းရှိ လမ်းတံ တားတည်ဆောက်ရေးနှင့် ဥမင် လိုဏ်ခေါင်းတည်ဆောက်ရေး အတွက် လိုအပ်သည့်နည်းပညာ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ဆွေး နွေးပွဲတစ်ရပ်ကို နိုဝင်ဘာ၂၁ရက် က နေပြည်တော်ရှိဆောက်လုပ် ရေးဝန်ကြီးဌာနရုံးအမှတ် (၁၀) တွင် ကိုရီးယားနိုင်ငံ H DASAN Consultant ကုမ္ပဏီနှင့် ဆောက် လုပ်ရေးဝန်ကြီးဌာနတို့ နည်းပညာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂ရက်တွင်လည်း မြန်မာနိုင်ငံ၏ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု များပြုလုပ်ရန် ဥရောပ၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ ဆောက်လုပ် ရေးထိပ်သီးညီလာခံ(Myanmar Construction Summit)) တစ်ခုကို မြန်မာနိုင်ငံ၌ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top