0

ရွှေအောင်

ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မိန့်ခွန်းပြောမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေရှင်းလင်းပွဲနဲ့ လူထုဆန္ဒခံယူပွဲကို နေပြည်တော် နယ်မြေရဲစခန်းက ခွင့်မပြုပေမယ့် အန်အယ်လ်ဒီ အနေနဲ့တော့ စီစဉ်ထားတဲ့အတိုင်း ဆက်လုပ်သွားမယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒသဘောထားရယူရေး လူထုဟောပြောပွဲ နေပြည်တော်မှာ ကျင်းပဖို့ ခွင့်ပြုချက်တောင်းခံရာမှာ အချက်အလက်မစုံဘူး၊ လုပ်မယ့်နေရာဟာ ရုံးဌာနတွေနဲ့နီးပြီး ရုံးသွားကျောင်သွားချိန်ဖြစ်နေတာကြောင့် ခွင့်မပြုနိုင်ဘူးလို့ သက်ဆိုင်ရာနယ်မြေစခန်းမှူးက နိုဝင်ဘာ ၁၄ ရက်မှာ အကြောင်းပြန်ခဲ့ပါတယ်။
http://burmese.dvb.no/archives/46540

အေးချမ်းမွန် Credit To > DVB TV News https://www.facebook.com/excellencemedia

Post a Comment

 
Top