0


မင်းမင်း| အင်္ဂါနေ့၊ ဒီဇင်ဘာ ၃ ရက်၊ ၂၀၁၃ ခုနှစ်

ဖွဲ့စည်းပုံပြင်ဆင်ရန် ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေး ကမ်းလှမ်းမှုအပေါ် အစိုးရက အချိန်ရွှေ့ဆိုင်းလိုက်ခြင်းမှာ နိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးမရှိဘဲ ပြုပြင်ပြောင်းလဲရေးကို နှောင့် နှေးစေသည်ဟု အတိုက်အခံပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က ဒီဇင်ဘာ ၂ ရက် တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် သမ္မတ၊ လွှတ်တော်နှင့် ကာကွယ်ရေး ဦးစီးချုပ်တို့အား တွေ့ဆုံဆွေးနွေးရန် နိုဝင်ဘာ ၂၃ တွင် NLD က မေတ္တာရပ်ခံထားခြင်းဖြစ်ပြီး အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ၏ အစီရင်ခံစာထွက်သည်အထိ စောင့်ဆိုင်းရန် သမ္မတနှင့် ကာကွယ်ရေး ဦးစီးချုပ်တို့က သဘောထားအပေါ် ယခုကဲ့သို့ NLD က သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင် ၁၀၉ ဦးပါ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာကို လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်နရီလ ၃၁ ရက်မတိုင်မီ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည် ဖြစ်သည်။

လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အစိုးရ၏ တုံ့ပြန်မှုကို “လက်မခံနိုင်” ဟုလည်း NLD က ကြေညာ လိုက်သော်လည်း မည်ကဲ့သို့ဆက်လုပ်ဆောင်မည်ဟု ကြေညာချက်တွင် မပါရှိပေ။

ယခုကဲ့သို့ အချိန်ရွှေ့ဆိုင်းခြင်းမှာ အစိုးရအနေဖြင့် “ဒီမိုကရေစီအရေးနှင့် ပြုပြင်ပြောင်းလဲရေးကို မလို လားဟု ယူဆစရာဖြစ်နေသည်” ဟုလည်း NLD ၏ ကြေညာချက်တွင် ရေးသားထားသည်။

တွေ့ဆုံပွဲကို မငြင်းသင့်ဘဲ ဖွဲ့စည်းပုံ နှင့်ပတ်သက်ပြီး နိုင်ငံ၏အုပ်ချုပ်ရေး၊ ကာကွယ်ရေးနှင့် ဥပဒေပြုရေး တို့တွင် အခရာကျသော သမ္မတ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် လွှတ်တော် ဥက္ကဋ္ဌတို့၏သဘော ထားမှတ်ချက်မှာ အလွန်အရေးကြီးသည်ဟု ရခိုင်ဒီမိုကရေ စီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က မဇ္ဈိမ ကို ပြောသည်။

“သူတို့ရဲ့ ကိုယ်ပိုင်သဘောထား အမြင်ကို ထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်” ဟု ၎င်းကဆိုသည်။
NLD အနေဖြင့် လေးပွင့်ဆိုင် တွေ့ဆုံလိုခြင်းမှာ လက်ရှိပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော လေ့လာသုံးသပ်ရေးကော်မတီ၏ လုပ်ဆောင်နေမှု အား ပံ့ပိုးပေးရန်နှင့် အလုပ်ပိုမိုချောမွေ့စေရန် ရည် ရွယ်ချက်ဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်ဟု NLD ဥက္ကဋ္ဌဖြစ်သည့် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က ဒီဇင်ဘာ ၁ ရက်တွင် ရေဒီယိုသြစတြေးလျ၏ မေးမြန်မှုကို ပြောဆိုထားသည်။

“ကျွန်မအနေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကနေပြီးတော့ ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးကို မလိုလားဘူးလို့ ထင်စရာဖြစ် သွားပါတယ်” ဟု သမ္မတနှင့် ကာချုပ်၏ သဘောထားကို ရည်ညွန်းပြီး ဒေါ်အောင်ဆန်းစု ကြည်က ပြောသည်။

လွှတ်တော်၏ အခြေခံဥပဒေလေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီမှ အစီရင်ခံစာမတင်မီ လေးပွင့်ဆိုင် ကြိုတင် တွေ့ဆုံဆွေးနွေးထားမှသာ ပိုပြီးအဆင်ပြေနိုင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့သေး သည်။

မြန်မာနိုင်ငံ၏၂၀၀၈ ခုနှစ်၊ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေကြောင်း ပြည်သူ အများစုက ဆန္ဒဖော်ထုတ်နေကြသည့်အပြင် အစိုးရ၊ လွှတ်တော်နှင့် နိုင်ငံရေးပါတီများကလည်း ဖွဲ့စည်း ပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကို လိုလားနေကြပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၀ ပြည့်နှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲကို ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဟူသော ရည်ရွယ်ချက်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။

အေးချမ်းမွန် Credit To > Mizzima - News in Burmese< Thankhttps://www.facebook.com/excellencemedia

Post a Comment

 
Top