0

======================================
သန်းနိုင်ဦး ၊ သီဟ
======================================
ရန်ကုန် ၊ နိုဝင်ဘာ ၁၄ ။ ။ ဥရောပ ကော်မရှင်မှ မြန်မာ နိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးနှင့် ပညာရေးစီမံခန့်ခွဲမှုလုပ် ငန်းများအတွက် ကန်ဒေါ်လာ သန်း၁၂ဝကို နှစ်စဉ် အကူအညီ ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။ အဆိုပါအကူအညီများကို ၂၀၁၄ခုနှစ်မှ ၂၀၄ဝပြည့်နှစ်အထိ နှစ်စဉ်အကူအညီပေးသွားမည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၄ရက်က ဥရောပကော်မရှင်၏ သတင်းထုတ် ပြန်ချက်တွင် ဖော်ပြပါ ရှိသည်။

ကော်မရှင်နာ Piebalgs က ''မြန်မာ နိုင်ငံ ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေက အရင်ကနဲ့မတူတာကို အ သိအမှတ်ပြုရမယ်။ စိန်ခေါ်မှု များကတော့ ရှေ့မှာရှိနေပါသေး တယ်။ အီးယူအဖွဲ့ကတော့ မြန် မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ထောက်ပံ့ဖို့အ သင့်ရှိပါတယ်'' ဟု ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တွင် အီးယူ-မြန်မာ Task Force အလုပ်ရုံဆွေးနွေးပွဲ ကို ရန်ကုန် မြို့ရှိ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် တွင် နိုဝင်ဘာ၁၄ရက်က ကျင်းပ ခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ၁၅ရက်တွင် နေ ပြည်တော် ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင်ကျင်းပမည့် ဒုတိယ နေ့အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံ တော်သမ္မတ ဦးသိန်းစိန် တက် ရောက်ကာ အခမ်းအနားကို ဖွင့် လှစ်မည်ဖြစ်ကာ ယင်းနေ့အလုပ် ရုံဆွေးနွေးပွဲတွင် Economic Session, Interparlimentary Session နှင့် Political Session များအကြောင်းများ ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းစီးပွားရေးလုပ် ငန်းရှင်တစ်ဦးက ''ကုန်သည်အ သင်းချုပ်မှာ လုပ်တဲ့ပွဲကတော့ ကောင်းတယ်။ သူ့ကဏ္ဍအလိုက် ဆွေးနွေးကြတယ်။ အဲဒီကရတဲ့ အချက်တွေကိုယူပြီး လုပ်ဆောင် မယ်ဆိုရင်တော့ တိုင်းပြည်အ တွက် အကျိုးရှိနိုင် ပါတယ်'' ဟု သုံးသပ်ပြောသည်။

အီးယူသည် မြန်မာနိုင်ငံကို ၁၉၉၆ခုနှစ်မှစတင်ကာ ဖွံ့ဖြိုး ရေးအကူအညီများပေးခဲ့ပြီး နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ် ခဲ့သည်။ ၂၀၁၂-၂၀၁၃ခုနှစ်တွင် ကန်ဒေါ်လာသန်း၂ဝဝကို အကူ အညီပေးခဲ့ကြောင်း ယင်းထုတ် ပြန်ချက် တွင် ဖော်ပြပါရှိသည်။

News Link=>http://goo.gl/7hJ0Pr

အေးချမ်းမွန် Credit To > Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top