နေပြည်တော်၊ နိုဝင်ဘာ ၁၅။
အသေးစားအလတ်စားလုပ်ငန်များ(SME)၊ သစ်တော
ထွက်နှင့် သတ္တုတွင်းထွက်များအပါအဝင်ကုန်ကြမ်း
ထုတ်လုပ်မှုကဏ္ဍနှင့် ခရီးသွားလုပ်ငန်း ကဏ္ဍတို့တွင်
ဥရောပသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံနှင့် အဓိက ပူးပေါင်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥရောပ ကော်မရှင် တာဝန်သိစီးပွားရေးလုပ်ငန်းများအဖွဲ့မှ လက်ထောက်
အကြီးအကဲ မစ္စတာ အန်တိုနီယို တာဂျနီက ၎င်း၏ မီဒီယာ ရှင်းလင်းပွဲတွင်ပြောကြားသည်။
ဥရောပနှင့်မြန်မာ စီးပွားရေးလုပ်ငန်းများအချင်းချင်း
လက်မှတ်ရေးထိုးပွဲကို နိုဝင်ဘာ ၁၄ရက်နေ့ က
ရန်ကုန်တွင် ကျင်းပခဲ့ပြီး အသေးစား၊အလတ်စား
လုပ်ငန်းများစွာ ပူးတွဲဆောင်ရွက်ရန် လက်မှတ်ရေး
ထိုးနိုင်ခဲ့ ကြောင်း ၎င်းကပြောကြားသည်။
“ဒီလိုလက်မှတ် ရေးထိုးနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး ဝမ်းမြောက်လှပါတယ်” ဟု ၎င်းက ပြောကြားသည်။
သယံဇာတကုန်ကြမ်းထုတ်လုပ်မှုကဏ္ဍတွင် ကမ္ဘာပေါ်တွင်
တရုတ်နိုင်ငံမှာ ထိပ်ဆုံးရောက်နေပြီး ယင်းတင်ပို့မှုများ
ထဲတွင် မြန်မာ သယံဇာတကုန်ကြမ်းများ များစွာပါဝင်
ကြောင်း၊ ဥရောပရင်းနှီးမြုတ်နှံမှုများမှာ တာဝန်သိ စီးပွား
ရေးလုပ်ငန်းများ ဖြစ်သောကြောင့် မြန်မာနိုင်ငံအနေဖြင့်
ယခုထက်ပို အကျိုးရှိစေနိုင်ကြောင်း မစ္စတာ အန်တိုနီယိုက
ပြောကြားသည်။
ခရီးသွားလုပ်ငန်းကဏ္ဍမှာလည်း စီးပွားရေးလုပ်ငန်းများ
ထဲတွင် အရေးပါသောနေရာတွင် ရှိပြီး မြန်မာနှင့် ဥရောပ
နိုင်ငံများ အကြား ခရီးသွားလုပ်ငန်းအား အပြန်အလှန်
မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
“ဥရောပမှာဆို ပွဲကြီးပွဲကောင်းအနေနဲ့ ၂၀၁၆ ဥရောပ ဖလားပြိုင်ပွဲရှိနေပါတယ်။ ဒါဟာခရီးသွားလုပ်ငန်းကို
များစွာ သက်ရောက်မှုရှိပါတယ်။” ဟု ၎င်းကပြောကြား
သည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုများပြုလုပ်ပါက တာဝန် သိရင်းနှီးမြုပ်နှံများသာပြုလုပ်ရန် သမ္မတ ဦးသိန်းစိန်နှင့်
ဒေါ်အောင်ဆန်းစု ကြည်တို့က ဥရောပလုပ်ငန်းရှင်များအား ကျင်းပပြီးစီးခဲ့သည့် ဥရောပမြန်မာ ပူးတွဲဆောင်ရွက်ရေး
ဆွေးနွေးပွဲတွင် တိုက်တွန်း ပြောကြားထားသည်။
ယင်းကျင်းပပြီးစီးခဲ့သည့် ဥရောပမြန်မာ ပူးတွဲဆောင်ရွက်
ရေးဆွေးနွေးပွဲမှာ ဥရောပသမဂ္ဂ၏ လေးကြိမ်မြောက် ပူးတွဲ ဆောင်ရွက် ရေးဆွေးနွေးပွဲဖြစ်ပြီး မြန်မာနိုင်ငံ
အတွက် ပထမဆုံးအကြိမ် ဖြစ်သည်။
ဥာဏ်လင်းထက်
အေးချမ်းမွန် Credit To >People power
Post a Comment