0


နေ့စဉ်တွေ့ကြုံခံစားရတဲ့ ပတ်ဝန်းကျင်ကို
နာကြည်းစရာချည်း ရှာမကြည့်နဲ့။
စိတ်က အပြစ်ရှာခြင်းမှာ အထာကျသွားရင်
နာစရာချည်း မြင်နေတတ်တယ်။
အနိမ့် အမြင့်၊ အနိုင် အရှုံးမှာ
အလိုက်သင့် နေသာအောင် နေထိုင်တတ်ရမယ်။
နိမ့်ကျသွားတဲ့ အခါတိုင်း စိတ်ပါ လိုက်ပါ မသွားစေနဲ့။
အမြင့်ရောက်လာရင်လည်း မမောက်မာမိစေနဲ့။
စိတ်က ထိန်းကျောင်းပေးတတ်ရင် အကောင်းဘက်ကို ရောက်ပါတယ်။

(Ashin Neyadhamma)

အေးချမ်းမွန် Credit To >နှလုံးသားအာဟာရ https://www.facebook.com/excellencemedia
http://ayechanmon-news1.blogspot.com/

Post a Comment

 
Top