0
၂၀၁၅ ရွေးကောက်ပွဲထက် တိုင်းပြည် စီးပွားရေး တိုးတက်လာဖို.ကို အာရုံစိုက်ဖို. ဗုဒ္ဓဟူးနေ.က ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ် အစီရင်ခံစာ တစ်စောင်မှာ မြန်မာ အစိုးရကို တိုက်တွန်းထားပါတယ်။

ယခုနှစ် မြန်မာနိုင်ငံရဲ. စီးပွားရေး ဖွံ.ဖြိုး တိုးတက်မှုနှုန်းက ကောင်းမွန်နေပြီး တိုးတက်မှုနှုန်း ၆.၅ ရာခိုင်နှုန်းထိ တိုးတက်နိုင်မယ်လို. ခန်.မှန်း ထားပါတယ်။

ဒါပေမယ့် အစိုးရ အနေနဲ. လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကိုပဲ အာရုံထားနေမယ်ဆိုရင် တခြား နိုင်ငံတွေမှာ ဖြစ်ခဲ့သလိုပဲ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို မျက်ခြေပြတ်သွားနိုင်တယ်လို. ကမ္ဘာ့ဘဏ်ရဲ. မြန်မာနိုင်ငံ ဆိုင်ရာ စီးပွားရေး ပညာရှင် မစ္စတာ ကွီးမားက ပြောပါတယ်။ ဒီဖြစ်ရပ်မျိုးဟာ အမေရိကန်လို နိုင်ငံ မျိုးမှာတောင် ဖြစ်လေ့ ရှိတာမို. သတိထားဖို. လိုတယ်လို. ပြောခဲ့တာပါ။

ဒီစာတမ်း ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာ့ဘဏ်က မြန်မာ စီးပွားရေး ပညာရှင် တစ်ယောက် ဖြစ်တဲ့ ဒေါ်မေသက်ဇင်ကတော့ စီးပွားရေး တိုးတက်မယ့် အလားအလာကောင်းတွေ ရှိပေမယ့် ငွေကြေး ဖောင်းပွမှုနှုန်း ၇ ရာခိုင်နှုန်း ရှိနေတာဟာ စိန်ခေါ်မှု တစ်ရပ် ဖြစ်တယ်လို. ဆိုပါတယ်။

http://www.bbc.co.uk/burmese/burma/2013/11/131106_burma_worldbank_business.shtml

အေးချမ်းမွန် Credit To >BBC Burmese https://www.facebook.com/excellencemedia

Post a Comment

 
Top