0


ပြည်မြို့ရှိ လေလွင့်ကလေးများ နှင့် တောင်းရမ်းစားသောက်သူများအား ရခိုင်ရိုးမအစပ် ညောင်ခြေထောက်ရွာသို့ သွားရောက်စွန့်ပစ်ခဲ့သည့် အမှုကို တစ် နှစ်ကြာသည်အထိ အရေးယူဖြေရှင်းပေး ခြင်းမရှိသေးကြောင်း လူ့အခွင့်အရေး ကာ ကွယ်မြှင့်တင်သူများကွန်ရက်မှ သိရ သည်။ အဆိုပါဖြစ်ရပ်မှာ ၂ဝ၁၂ ခုနှစ်သြဂုတ်လ၄ရက်နေ့ တွင်ဖြစ်ပွားခဲ့ပြီး ပြည်မြို့ဗိုလ်ချုပ်မြင်းစီး ကျောက်ရုပ်နံ ဘေးနှင့် ဘူတာရုံအနီးရှိတောင်းရမ်းစားသောက်သူများ၊ နို့စို့အရွယ်ကလေး ငယ်များနှင့် လေလွင့်ကလေး ၃ဝ ကျော် ကို နံနက် ၂ နာရီခန့်တွင် ကားဖြင့်ခေါ် ယူစွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

စွန့်ပစ်ခံရသူများမှာ ပြည်မြို့သို့ အသုတ်လိုက်လမ်းလျှောက်ပြန်လာခဲ့ကြရပြီး ယင်းဖြစ်စဉ်အတွက် လူ့အခွင့် အရေးကာကွယ်မြှင့်တင်သူများကွန်ရက်မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ ကလေးသူငယ်များဆိုင်ရာ အမျိုးသား ကော်မတီသို့ လိပ်မူပြီး အရေးယူဆောင် ရွက်ပေးရန် တိုင်တန်းခဲ့သည်ဟု အဆို ပါကွန်ရက်မှကိုဇော်ထွန်းက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

ထိုသို့တိုင်တန်းမှုများကြောင့် လူ မှုဝန်ထမ်းဌာန အပါအဝင်ပညာရေးမှူး၊ အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်နှင့် ရဲများက စွန့်ပစ်ခံရသူများ အား သုံးကြိမ်ခန့်ခေါ်ယူစစ်ဆေးခဲ့ပြီး အပြစ်ကျူးလွန်ခဲ့သူများအပေါ် မည်သို့ ကိုင်တွယ်ဖြေရှင်းအရေးယူခဲ့သည်ကိုမူ ယခုအချိန်အထိ ရှင်းလင်းပေးခြင်းမရှိ ကြောင်း အဆိုပါလေလွင့်ကလေးငယ် များကို စောင့်ရှောက်၍ စာသင်ကြား ပေးနေသည့် ကရုဏာလက်များကွန်ရက် မှ ကိုပုညက ဆိုသည်။ ၎င်းကိစ္စအတွက် ပဲခူး တိုင်းဒေသ ကြီး စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးဦးရဲမြင့်ထွန်းက ၂ဝ၁၂ ခုနှစ် စက်တင်ဘာလအတွင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြစ်မှုကျူး လွန်သူများကို ရှာဖွေဖော်ထုတ်အရေး ယူသွားမည်ဟု ပြောကြားခဲ့သည်။

သုတလင်း

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

 
Top