0


ရန်ကုန်၊ နိုဝင်ဘာ ၂၇

ရန်ကုန်မြို့တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ အားကစားနည်း ခုနစ်မျိုးအတွက် ပြိုင်ပွဲကျင်းပရန် အားကစားကွင်းနှင့် အားကစားရုံများ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ပြိုင်ပွဲ ကျင်းပရေးနှင့် အောင်နိုင်ရေး အဖွဲ့ခေါင်ဆောင် ဦးကျော်ဆန်းဦးက ပြောကြားသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များ ကျင်းပမည့် ပရိသတ် ၃၅,၀၀၀ ဆံ့ သုဝဏ္ဏ အားကစားကွင်း၊ ကမ်ပို (ဂျပန်ရိုးရာ ကိုယ်ခံပညာ) နှင့် နပမ်းပြိုင်ပွဲများ ကျင်းပမည့် ပရိသတ် ၁၀,၈၂၅ ဦးဆံ့ သုဝဏ္ဏ အားကစားရုံ၊ ပရိသတ် ၅၀၀ ဆံ့ မြောက်ဒဂုံ သေနတ်ပစ်ကွင်း၊ အလေးမပြိုင်ပွဲ ကျင်းပမည့် ပရိသတ် ၂၄၀၀ ဆံ့ သိမ်ဖြူ အားကစားရုံ၊ ပရိသတ် ၆၀၀ ဆံ့ ဟော်ကီ အားကစားကွင်း၊ ကာယဗလပြိုင်ပွဲ ကျင်းပမည့် ပရိသတ် ၁၂၀၀ ဆံ့ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) တို့ကို နိုဝင်ဘာလ တတိယပတ်အတွင်း အပြီးသတ် ပြင်ဆင်ခဲ့ပြီး ဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းအားကစားရုံများမှာ အသစ်ပြန်လည် တည်ဆောက်ရသည့် အားကစားရုံများ မဟုတ်ပဲ အသေးစား ပြင်ဆင်မှုများသာ ပြန်လည် ပြုပြင် မွမ်းမံခဲ့ခြင်း ဖြစ်ကြောင်း အကြီးမားဆုံး ပြုပြင်ခဲ့ရသည့် ကွင်းများမှာ ဘောလုံးပွဲ ကျင်းပမည့် သုဝဏ္ဏ လူငယ်လေ့ကျင့် ကွင်းနှင့် မြောက်ဒဂုံ သေနတ်ပစ် အားကစားကွင်းတို့ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ရန်ကုန်မြို့တွင် ကျင်းပမည့် SEA Games ပြိုင်ပွဲ၏ အားကစားနည်း ခုနစ်မျိုးတွင် မြန်မာ အားကစားသမား ၂၀၇ ဦး ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရွှေတံဆိပ်ဆု ၇၀ အပါအဝင် ဆုတံဆိပ်ပေါင်း ၂၃၉ ခုချီးမြှင့်မည် ဖြစ်ကြောင်း အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia
2

Post a Comment

 
Top