0

အောင်သက်ကို

ရန်ကုန် ၊ နိုဝင်ဘာ ၁၁ ။ ။ ပညာရေး ဝန်ကြီးဌာနမှ ဆရာ ၊ ဆရာမ များ ငွေကောက်ခံခြင်း မပြုရဆိုသည့် ပေါ်လစီချမှတ် ထားခြင်းသည် မှားယွင်းနေပြီး ကျောင်းသားမိဘ နှင့် ဆရာများကို ရန်တိုက်ပေးထား သလိုဖြစ်နေကြောင်း အခြေခံ ပညာ မူလတန်းကျောင်း အုပ်တ ချို့ က ဝေဖန်ပြောဆိုလိုက်သည်။

''ဆရာမကြီးတို့တွေကို ချ မှတ်ပေးထားတဲ့ ငွေကြေးက မလုံ လောက်ဘူး။ ပြီးတော့ ကျောင်း တွေကို တစ်ပြေးညီ ငွေကြေးချ မှတ်တာကလဲ မှားနေ တယ်။ အ မှန်က ကျောင်းတစ်ကျောင်းရဲ့တစ် နှစ်စာ ကုန်ကျစရိတ်ကို တွက်ပြီး တော့မှ ချပေးရမယ်လို့မြင်တယ်။ အခုဟာက ကျောင်းသား ၁ဝဝရှိ တဲ့ ကျောင်းဆိုလဲ သုံးသိန်း၊ တစ် ထောင်ရှိတဲ့ကျောင်းဆိုလဲ သုံး သိန်း ဆိုတော့ ဘယ်ကျောင်းက ပိုကုန်မလဲ။ ချမှတ်လိုက်တဲ့ မူ ကြောင့် ကျောင်း သား မိဘတွေ ကလဲ အဲ့ဒါနဲ့ကိုင်ပြီး တိုင်ကြတော့ မလိုလားတဲ့ပြဿနာတွေ က ဖြစ် နေရတယ်''ဟု ဗဟန်းမြို့နယ်မှ မူလတန်းကျောင်းကျောင်းအုပ် တစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနအ နေဖြင့် ကျောင်းသားမိဘတချို့ ကြည်ဖြူ၍ လှူသောငွေ များကို စည်းကမ်းတစ်ခု သတ်မှတ်၍ လက်ခံ ပေးစေ ချင်ကြောင်း ၊ ကျောင်းတစ် ကျောင်းတွင် အခြေခံကုန်ကျငွေ မှာ ကျောင်း၏ အနေ အထားပေါ် မူတည်၍ ကုန်ကျ စရိတ် ကွဲပြား ကြောင်း၊ ကျောင်း ဖွံ့ဖြိုးရေး ပို လုပ်ဆောင်ရသော ကျောင်းများ ၏ကုန်ကျငွေမှာ ချပေးသည့်ငွေ ဖြင့် မလုံလောက်သည့်အတွက် ကိုယ်ပိုင်ပိုက်ဆံ များဖြင့် ဖြေရှင်း နေရကြောင်း သိရသည်။

News Link=>http://goo.gl/J9Q5Wa

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top