0

၂၅ ရာခိုင်နှုန်း ဘယ်တော့လျှော့ချမလဲ၊ တပ်မတော်က ဘာဖြစ်တယ် ဘာမှ ပြောစရာမရှိဘူး။ အခြေခံဥပဒေကို ပြင်ချင်တယ်။ သူ့ဘာသာ လုပ်ထုံးလုပ်နည်းနဲ့ ညီအောင်၊ ရအောင်လုပ်။ လုပ်ထုံးလုပ်နည်း နဲ့အညီ ဖြစ်လာတဲ့ အပေါ်မှာ တပ်မတော်က ဘာမှပြောစရာ မရှိဘူး။ ဆက်ပြီးတော့ ကိုယ့်တာဝန်ကိုယ် ဆက်လက်ထမ်းဆောင် နေမှာပဲ။
တပ်မတော်သား တစ်ယောက်အနေနဲ့ ပြောရမယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာ တစ်ဦးတည်းဆန္ဒနဲ့ လုပ်ခဲ့တာ မဟုတ်ဘူး။ ပြင်မလား၊ ဘာလုပ်မလဲ ဆိုရင် ဘာမှပြောစရာ အကြောင်းမရှိဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်သူအများစုက လက်ခံပြီး ရေးဆွဲထားတဲ့ဟာ ပြည်သူအများစုက ပြင်ပါ့မယ် ဆိုရင်လည်း ကိုယ်တို့က ဘာမှ မတတ်နိုင်ဘူး။
ကျင့်သုံးတဲ့ အတိုင်းအတာ ဘာမှမရှိသေးတဲ့ ကာလမှာ သူပြော၊ ငါပြောနဲ့တော့ မလုပ်သင့်ဘူး။ ဘယ်လောက် အကျိုးရှိလဲ ဆိုတာ လက်တွေ့ ကျင့်သုံးကြည့်မှ သိလာတာ။ တပ်မတော်နဲ့ မဆိုင်ဘဲ ကိုယ့်တစ်ဦးတည်း ဆန္ဒအရ ပြောပါ ဆိုရင်တော့ အချိန် သိပ်စောလွန်းသေးတယ်။

နိုဝင်ဘာလ ၈ ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်ပါ
“တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးနှင့် တွေ့ဆုံခြင်း” မှ ကောက်နုတ်ချက်

[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

အေးချမ်းမွန် Credit To >The Voice Weekly https://www.facebook.com/excellencemedia

Post a Comment

 
Top