ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ဆောင်ဆန္ဒပြလျှင် ထောင်ချမည့် ပြင်ဆင်ချက် ဥပဒေကြမ်း ကန့်ကွက်ခံရ
နေပြည်တော်၊ အောက်တိုဘာ ၂၅
ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ဆောင် ဆန္ဒပြလျှင် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်မည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်သဖြင့် အတည်မပြု နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။
အဆိုပါ ဥပဒေပုဒ်မ (၄) တွင် ပါရှိသည့် အမျိုးသား ခေါင်းဆောင်ကြီး (ဗိုလ်ချုပ်အောင်ဆန်း) ၏ပုံကို ရုံးဌာနများနှင့် နေအိမ်များတွင် အလေးအမြတ်ထား၍ ချိတ်ဆွဲဆင်ယင် ထားရှိခြင်း ဆိုသည့်အချက်ကို ကန့်ကွက်သဖြင့် အဆိုပါ ဥပဒေကို ထပ်မံဆွေးနွေးရန်အတွက် အတည်ပြုမည့် ရက်ကို အောက်တိုဘာလ နောက်ဆုံးပတ် သို့ ရွှေ့ဆိုင်းလိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဆိုသည်။
အဆိုပါ ဥပဒေကြမ်း ပုဒ်မ (၄) ပါ ဖြည့်စွက်ချက်များသည် ဖြည့်စွက်ရန် မလိုကြောင်းနှင့် ပြဋ္ဌာန်းထားသည့် တည်ဆဲ ဥပဒေများကိုသာ အများပြည်သူတို့က လိုက်နာရန် လိုအပ်ကြောင်း ကျောက်ဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက် ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အမျိုးသား ခေါင်းဆောင်ကြီး၏ ရုပ်ပုံကို ကိုင်ဆောင်၍ ဆန္ဒပြခြင်းနှင့် အခြားသော အသုံးမပြုသင့်သည့်နေရာ ဌာနများတွင် သုံးစွဲပါက ထောင်ဒဏ်တစ်နှစ် သို့မဟုတ် ငွေကျပ်ငါးသောင်း ချမှတ်နိုင်ပြီး ပြစ်ဒဏ် နှစ်ရပ်စလုံးလည်း ချမှတ်နိုင်ကြောင်း အဆိုပါ ဥပဒေတွင် ထည့်သွင်း ရေးသားထားသည်။
အေးချမ်းမွန် Credit To > The Voice Weekly
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.