ဟင်္သာတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးနေသော ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဋ္ဌေးဦး
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးသည် အောက်တိုဘာ ၅ ရက်က ဟင်္သာတမြို့နယ် ကျေးရွာအချို့၌ မဲဆွယ်စည်းရုံးခဲ့ပြီး ရဲကွင်းကျေးရွာသို့ ရောက်ရှိချိန်တွင် အိုဘားမား
နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတောပေါ့ဟု ပြောဆို မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
နှစ်ကြိမ်လာတော့ နှစ်ကြိမ် အနမ်းခံရတောပေါ့ဟု ပြောဆို မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
"နိုင်ငံရေးစနစ် ပြောင်းလဲမှုကို ဘယ်သူတွေ အသိအမှတ်ပြုလဲဆိုတော့ ဟိုအရင်တုန်းက စိတ်ထဲမှာ ဇဝေဇ၀ါဖြစ်နေတဲ့ ပြောင်းမှာ မဟုတ်ပါဘူးဆိုတဲ့ နိုင်ငံကြီးတွေ အသိအမှတ် ပြုလာတယ်။ အဆက်အသွယ် လုပ်လာတယ်။ အဲဒီအတွက် ဟိုးအရင်တုန်းက ကျွန်တော်တို့ကို ကုလသမဂ္ဂနယ်ပယ်မှာ အပြစ်တွေ တင်နေတယ်။ အရေးယူဖို့ လုပ်နေတယ်ဆိုတဲ့ နိုင်ငံကြီးတွေ ကျွန်တော်တို့ မြန်မာနိုင်ငံကို လာလည်ကြတယ်။
မစ္စတာ အိုဘားမား။ သူလာတယ်။ နှစ်ကြိမ်တောင် လာတယ်။ နှစ်ကြိမ်လာတော့ ဘာဖြစ်လဲ။ နှစ်ကြိမ် အနမ်းခံရတာပေါ့" ဟု ဦးဋ္ဌေးဦးက ရဲကွင်းကျေးရွာ၌ ပြုလုပ်သော ပြည်ခိုင်ဖြိုးပါတီ မဲဆွယ် စည်းရုံးပွဲတွင်
ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဋ္ဌေးဦး၏ ပြောစကားတွင် ပါဝင်သော "နှစ်ကြိမ် အနမ်းခံရတာပေါ့" ဟူသည့် ပြောဆိုချက်သည် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးခြားတွေ့ဆုံခဲ့စဉ် နှုတ်ဆက်ခဲ့ခြင်းကို ရည်ညွှန်းခဲ့ခြင်း ဖြစ်ပါသည်။
ဦးဋ္ဌေးဦး နည်းတူ ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဦးသိန်းအောင်လည်း သမ္မတ အိုဘားမားနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှုတ်ဆက်နေသော ဓာတ်ပုံတစ်ပုံကို ဗီနိုင်းပိုစတာထုတ်ပြီး မေးခွန်း
ထုတ်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း ဦးသိန်းအောင် ဗီနိုင်းပိုစတာ ကိုင်ဆောင်ထားသော ဓာတ်ပုံနှင့်တကွ ပြောဆိုထားသည့် Facebook Status တစ်ခု ပြီးခဲ့သည့် စက်တင်ဘာ ၂၀ ရက်က လူမှုကွန်ယက်
စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ဖူးသည်။ ထိုသို့ ပျံ့နှံခဲ့ပြီး ၁၅ ရက်အကြာ ဟင်္သာမြု့နယ်တွင် မဲဆွယ် စည်းရုံးမှု၌ ဦးဋ္ဌေးဦး၏ တရားဝင် ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဦးဋ္ဌေးဦးက ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တွင် လည်းကောင်း၊ ဦးသိန်းအောင်က ဧရာဝတီ တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (၁) အင်္ဂပူမြို့နယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.