0

ဘုရင့်နောင်ပွဲရုံဝင်းအတွင်းဖြစ်ပွားခဲ့သော အုပ်စုဖွဲ့ခြိမ်းခြောက်ငွေတောင်းယူ မူနှင့်ပတ်သက်၍ယနေ့ပြုလုပ်သောရုံးချိန်းတွင်တရားလိုပြသက်သေမလာသောကြောင့် အောက်တိုဘာ၉ရက်နေ့သို့ပြန်လည်ချိန်းဆိုထားကြောင်းအနောက်ပိုင်းခရိုင်တရားရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။
“ဒီနေ့စစ်မယ့်တရားလိုပြသက်သေကခရီးလွန်နေလို့၉ရက်နေ့ကိုပြန်ချိန်းတာပါ”ဟု ၄င်းကဆိုသည်။
လက်ရှိတွင် အဆိုပါအမူနှင့်ပါတ်သက်၍ အပြစ်ကျူးလွန်သူဟုယူဆရသော ၀င်းဇော်ဦးပါ၁၁ဦးကိုအနောက်ပိုင်းခရိုင်တရားရုံး၌စစ်ဆေးလျက်ရှိပြီး အမူတွင်ပါဝင်ပတ်သက်သောကျန်တရားခံပြေး၎ဦးကိုဖမ်းဆီးရမိရေး စုံစမ်းဆဲသာဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေရဲစခန်းမှတာဝန်ရှိသူရဲအရာရှိတစ်ဦးကပြောသည်။
ဖြစ်စဉ်ဖြစ်ပွားခဲ့ပုံမှာ မရမ်းကုန်းမြို့နယ်နေ ကိုကျော်ကျော်သည် သြဂုတ် ၂ ရက် ညနေပိုင်းတွင် ဘုရင့်နောင်ဝင်းအတွင်းရှိ ကံ့ကော်လမ်းမကြီးနှင့် ခရေလမ်းထောင့်၌ လမ်းလျှောက်နေစဉ် အင်းစိန်မြို့နယ်နေ ၀င်းဇော်ဦးပါ
အမျိုးသား အုပ်စုက အငှားယာဉ် တစ်စီး ဆိုင်ကယ် ၅စီး တို့ဖြင့်ရောက်ရှိ လာပြီှးကိုကျော်ကျော်ထံမှ ငွေကျပ် ၁သိန်း တောင်းရာ ၄င်းမှငွေကျပ် ၇သောင်းသာပါကြောင်းပြောစဉ်ထိုအဖွဲ့မှဓါးဖြင့်ခြိမ်းခြောက်၍ တောင်းယူသွားကြောင်းရဲမှတ်တမ်းအရသိရသည်။
ထိုနောက်အပြစ်ကျူးလွန်သူဟုယူဆရသောဝင်းဇော်ဦးအပါ၉ဦးကိုအငှားယာဉ်တစ်စီး၊ဆိုင်ကယ်နှစ်စီး၊ဓါးရှည်၊ဓါးမြောင်၊ရဲဒင်းတစ်လက်စီနှင့်သံတုတ်၊လေးခွ၊ကုန်းသီးများနှင့်အတူသိမ်းဆည်းရမိကြောင်း ၊ ထို့အပြင် အဆိုပါအဖွဲ့မှ မင်းသိန်းအပါနှစ်ဦးကိုလည်း၎င်းတို့နေအိမ်အသီးသီး၌
ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
အထက်ပါ အမူနှင့် ပါတ်သက်၍ ၄င်း၁၁ဦးကို ဘုရင့်နောင်နယ်မြေ ရဲစခန်း၌ (ပ)၃၉၇/၂၀၁၅၊ပြစ်မူ ပုဒ်မ၃၉၅ဖြင့် အမူဖွင့်စစ်ဆေးစဉ်ပြစ်မူ ကျူးလွန်သူဟုယူဆရသူ ၄ဦးကိုထပ်မံစစ်ဆေးတွေ့ရှိသဖြင့် ၄င်းတို့ကို ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

Post a Comment

 
Top