0


 မေသန်းနုနှင့် ရုပ်ရှင် မရိုက်ဖြစ်သည်မှာ ဆယ်နှစ်ခန့်ရှိ ပြီဖြစ်သည့် ဒါရိုက်တာ စင်ရော် မောင်မောင်က သားဖြစ်သူ မင်း သန့်မောင်မောင်၏ တောင်းဆိုမှု ဖြင့် ဒေါက်တာခင်မောင်ဝင်း၏ ‘‘အမေ’’၀တ္ထုကို မေသန်းနုနှင့် ရိုက်ကူးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
‘‘နိုဝင်ဘာထဲမှာ ရိုက်မှာပါ။ အမေနေရာမှာ မေသန်းနုက သရုပ်ဆာင်မှာပါ။ သားနေရာအ တွက်ကတော့ သရုပ်ဆောင်ရွေး နေတုန်းပါပဲ’’ဟု ဒါရိုက်တာ စင် ရော်မောင်မောင်က ပြောသည်။
မေသန်းနုဘက်ကလည်း သားဖြစ်သူ၏ ဆန္ဒကြောင့် လက်ခံ ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘သားရဲ့ပညာရေးနဲ့ပတ် သက်ပြီး တွေ့ဆုံဆွေးနွေးဖြစ် တယ်။ မောင်နှမဆက်ဆံရေးပါ ပဲ’’ဟု မေသန်းနုနှင့် ၎င်း၏ဆက် ဆံရေးအခြေအနေကို စင်ရော် မောင်မောင်ကပြောသည်။
ယင်းဇာတ်ကားကို စင်ရော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူး ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် ရုပ်ရှင် ဇာတ်ကားမရိုက်ဖြစ်သည်မှာ ၂ နှစ်ခန့်ရှိပြီဟု စင်ရော်မောင်မောင် ကပြောသည်။
စင်ရော်မောင်မောင်နှင့် မေ သန်းနုသည် ‘‘မောင်’’ ရုပ်ရှင် ဇာတ်ကားအပါအ၀င် အောင်မြင် ကျော်ကြားသည့် ရုပ်ရှင်ဇာတ် ကားများကို လက်တွဲရိုက်ကူးခဲ့ပြီး မေသန်းနုရရှိခဲ့သည့် ရုပ်ရှင်ထူး ချွန်ဆုအများစုမှာလည်း ဒါရိုက်တာစင်ရော်မောင်မောင်   ရိုက်ကူး သည့် ဇာတ်ကားများဖြစ်သည်။
http://www.7daydaily.com/story/47764

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top