စာရေးသူကျောင်းရှေ့ကပန်းပင်ကလေးများဟာအလွန်လှပသလိုမျိုးခံစားမိတယ် စိတ်ထဲမှာလည်းသတိပြုမိတယ် ပန်းပင်ကလေးများဟာသိပ်လှပနေပါလားဆိုတာကို ဒါပေမဲ့…ပန်းပင်ကလေးများပြောပြလို့မဟုတ်ဘူးနော်…။
ပန်းပင်ကလေးများဟာသူတို့ရဲ့အလှအပချိုမြိန်မှုကိုတခါတရံမှဝါကြွားတယ်ဆိုတာမကြားမိပါဘူးစာရှု့သူတို့လည်းကြားဖူးမယ်မထင်.။
တစုံတယောက်သောသူနိဗ္ဗာန်ရသည်ဆိုပါစို့သူသည်လဲသူရထားတဲ့
့နိဗ္ဗာန်ချမ်းသာအေးချမ်းမှုကိုပန်းပင်ကလေးများလိုပဲသူရဲ့အေးချမ်းမှုကို
ဘယ်သောအခါမှပြောကြားလိမ့်မည်မဟုတ် ဒါပေမဲ့…ဘေးကနေပြီးသူရဲ့အေးချမ်းမှုကိုကြည့်ပြီးသိမြင်နိုင်တယ်လေ။
အတိတ်ကိုလည်းမတွေးနဲ့အနာဂါတ်ကိုလည်းမမျှော်မှန်းနဲ့ပစ္စုပ္ပန်တည့်တည့်သာသင်ကောင်းအောင်လုပ်ပါသင်ရဲ့အနာဂါတ်ဘဝရဲ့မိခင်ဟာပစ္စုပ္ပန်ပဲလေ။
သင်နောက်တကြိမ်ကားသော်လည်းကောင်း လေယဉ်သော်လည်းကောင်းစီးခဲ့ရင် ဘာဖြစ်မယ်ဆိုတာဘယ်သူသိမလဲ အဆင်ပြေရင်လည်းပြေမယ် မပြေရင်လည်းမပြေနိုင်ဘူးကိုယ့်ဘဝရဲ့အခြေနေဟာပစ္စုပ္ပန်သာဖြစ်တယ်။
ဘာကြောင့်လည်းဆိုရင်ပစ္စုပ္ပန်အခြေနေကိုမိမိကိုယ်တိုင်ပိုင်နေလို့ပါဘဲပစ္စုပ္ပန်ကိုသာမိမိကိုယ်တိုင်အသုံးချနိုင်လို့ပဲအတိတ်ကဝေဒနာများစာရေးသူတို့ပြန်လည်၍မခံစားနိုင်ပါအနာဂါတ်ရဲ့ဝေဒနာကိုလည်းကြိုတင်၍မခံနိုင်ပါဘူး။
ဒါကြောင့်…..ပစ္စုပ္ပန်ကိုသာဂရုစိုက်ပြုပြင်ပါအနာဂါတ်မှာကောင်းမွန်သောဘဝကိုစာရေးသူကောစာရှု့သူတို့ပါတကယ်ခံစားရမှာမဟုတ်လားတရားဓမ္မဆိုတာပစ္စုပ္ပန်မှာသာရှိတယ်ပစ္စုပ္ပန်သည်နောင်အနာဂါတ်ရဲ့မိခင်ပဲလေ မိခင်ကိုသာဂရုစိုက်ပါ
မိခင်ကလည်းသူရဲ့သားတော်မောင်ကိုပြန်လည်၍ ဂရုစိုက်ပါလိမ့်မယ်။
(ဓမ္မစမ်းရေ)
အေးချမ်းမွန် Credit To > နှလုံးသားအာဟာရ
Post a Comment