0

တောင်ကိုရီးယားသို့ တစ်နှစ်လျှင် ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံဖိုး တင်ပို့သွားနိုင်မည့် ဂျူးမြစ် စိုက်ပျိုးမှု စီမံကိန်းကို နေပြည်တော်တွင် စတင် နေပြီဟု လယ်/ဆည် ဝန်ကြီး ဌာန တာဝန်ရှိသူက ပြောသည်။
တောင်ကိုရီးယား ကုမ္ပဏီနှင့် လယ်/ဆည် ဝန်ကြီးဌာနတို့ ပူးပေါင်း လုပ်ကိုင်နေခြင်း ဖြစ်ပြီး ယခု စီမံကိန်း က လယ်/ဆည် ၏ပြည်ပ နှင့် ပူးပေါင်း လုပ်ကိုင်သည့် ပထမဆုံးစီမံကိန်း တစ်ခု ဖြစ်ကြောင်း ၄င်းကဆိုသည်။

”အခုတော့ စတင်စ အချိန်ပေါ့ဗျာ။ စစခြင်းမှာတော့ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလျံစာလောက် မတင်ပို့ နိုင်သေးပါဘူး”ဟု ၄င်းက ဆက်ပြော သည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အတည်ပြုပြီး နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍတွင် ပြည်ပက ရင်းနှီးမြှုပ်နှံလိုကြောင်းကမ်းလှမ်းသည့် ထဲမှ လက်ရှိတွင် အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် ဘယ်လ်ဂျီယံနိုင်ငံ တို့နှင့်လည်း ပူး ပေါင်းမှု စတင်နေကြောင်း ၄င်းက ထပ်လောင်းဆိုသည်။
စာရင်းများ အရ ဘယ်လ်ဂျီယံနှင့် အိန္ဒိယက မျိုးစေ့ ထုတ်မှုကို မန္တလေး ဝမ်းတွင်း မြို့နယ်တွင် လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီးရှိ ရွှေတောင်မြို့ တို့ တွင် လည်းကောင်း ပြုလုပ်နေပြီး ပုဂ္ဂလိက ကုမ္ပဏီတို့နှင့်ပါ ပူးပေါင်း လို ကြောင်း လယ်/ဆည် ဝန်ကြီး ဌာနမှ သိရသည်။

ယင်းနိုင်ငံတို့၏ မျိုးစေ့ထုတ်မှု မှာ လက်ရှိတွင် စပါးမျိုး တစ်ခုတည်း သာဖြစ်ပြီး နောက်ပိုင်းတွင် အခြား သီးနှံ အလိုက်ကိုပါ မျိုးစေ့များ ထုတ်ယူ သွားရန် ရှိသည်ဟု လယ်/ဆည် တာဝန်ရှိသူက ဆက်ပြောသည်။
ပြီးခဲ့သည့် လပိုင်းကလည်း ရင်းနှီး မြှုပ်နှံမှု ကော်မရှင်က ပြည်ပနိုင်ငံ အချို့ ကို ပြည်တွင်း ကုမ္ပဏီတို့နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုးမှု အပါအဝင် စိုက်ပျိုး ရေး ကဏ္ဍ တို့၌ ရင်းနှီးမြှုပ်နှံခွင့် ခွင့်ပြု ပေးခဲ့သည်။

PN051

အေးချမ်းမွန် Credit To >Popular Myanmar News Journal https://www.facebook.com/excellencemedia

Post a Comment

Emoticon
:) :)) ;(( :-) =)) ;( ;-( :d :-d @-) :p :o :>) (o) [-( :-? (p) :-s (m) 8-) :-t :-b b-( :-# =p~ $-) (b) (f) x-) (k) (h) (c) cheer
Click to see the code!
To insert emoticon you must added at least one space before the code.

 
Top