ဉာဏ်လှိုင်လင်း၊ စုမြတ်ဝေ|အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂၊ ၂၀၁၃ ခုနှစ်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေတစ်ခုတည်းဖြင့် လာဘ်ပေး လာဘ်ယူ ပပျောက်ရန် လုံလောက်မည်မဟုတ်သဖြင့် အစိုးရမဟုတ်သော၊ အစိုးရနှင့် မပတ်သက်သည့် အဖွဲ့အစည်းတစ်ခုခု ဖွဲ့စည်းထိန်းသိမ်း ရန် စီစဉ်နေသည်ဟု ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျွန်မတို့ ကြိုးစားနေတယ်။ အဲဒီဟာကိုလဲ ကျွန်မတို့ရဲ့ တရားဥပဒေပိုင်းဆိုင်ရာ ပညာရှင်တွေက ၀ိုင်းပြီးတော့ ကူညီပေးစေချင်တယ်။ လာဘ်ပေးလာဘ်ယူရှိနေသရွေ့ ဒီတိုင်းပြည်ဟာ တိုးတက်နိုင်မှာ မဟုတ် ဘူး”ဟု ၎င်းက ပြောသည်။
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးအတွက် အရေးကြီးသည့် လာဘ်ပေးလာဘ်ယူကိစ္စများ ပပျောက်ရေး အားလုံး ၀ိုင်းဝန်းကူညီစေချင်သည်ဟု အထက်မြန်မာနိုင်ငံ ရှေ့နေကွန်ယက်အဖွဲ့နှင့် နိုဝင်ဘာ ၁၁ ရက်နေ့ နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment