0


12.11.2013

ပေ ၁၀ဝ ဝန်းကျင် အကျယ်လောက်ရှိတဲ့ မြေပေါ်မှာ လူတန်း ကြီးဟာ နှစ်ယောက်တစ်တွဲ သုံးယောက် တစ်တွဲနဲ့ တန်းစီစောင့် ဆိုင်းနေကြပါ တယ်။ တိုးဝှေ့တန်းစီနေတဲ့လူတွေက ကလေးကအစ အသက် ၇၀ ၊ ၈၀ အရွယ် အထိ အရွယ်ပေါင်းစုံ ပါဝင်ပါတယ်။ ဒါ တင်မက ခြံဝင်းအပြင်ဘက် လမ်းမမှာ လည်း လူတွေ၊ ဈေးသည်တွေ၊ ကားတွေနဲ့ ဆိုင်ကယ်တွေပါ ရှုပ်ထွေးလို့ နေပါတယ်။
စည်းကမ်းတကျ တန်းစီကြပါ၊ အရမ်း မတိုးပါနဲ့ဆိုတဲ့အသံကို ဂရုမစိုက်နိုင်ဘဲ ကိုယ်အရင်ရောက်နိုင်ဖို့ အရေး တိုးကြိတ် ကျော်တက် နေကြပါတယ်။
အချိန်က နံနက် ၁၀းဝ၀ နာရီခန့်ရှိနေ ပြီး တန်းစီနေကြသူတွေရဲ့ ရည်မှန်းချက် ကတော့ မှော်ဘီမြို့ ရေ ပြာရွာရဲ့ အောင် ဇမ္ဗူတောရဓမ္မရိပ်သာ ကျောင်းတိုက်အ တွင်းက ဂျပန်ဘုရားဆိုပြီး နာမည်ကြီးနေ တဲ့ ရှေးဟောင်းဘုရားတွေကို ဖူးမြော်နိုင်ဖို့ ပါပဲ။

ဂျပန်ဘုရားလို့ နာမည်ကြီးနေတာက

ဂျပန်ဘုရားဆိုတာကတော့ဂျပန်လူမျိုးတစ်ယောက်က ရှေးဟောင်းဘုရား ဆင်းတုတော်တွေ လာလှူ တာကို အ ကြောင်းပြုပြီး လူတွေက ဂျပန်ဘုရားလို့ ခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ အဆိုပါ ဂျပန်လူမျိုးက အောင်ဇမ္ဗူ ကျောင်းတိုက် ဓမ္မရိပ်သာရဲ့ ကျောင်းထိုင် ဆရာတော်ထံ ၄င်းစုဆောင်းထားတဲ့ ရှေးဟောင်းရုပ်ပွား တော် ၃၀၁ ဆူကို လူထု ဖူးမြော်နိုင်ဖို့အ တွက်လာရောက်လှူဒါန်း ခဲ့တာဖြစ်တယ် ။ ရှေးဟောင်းရုပ်ပွားတော်တွေဟာ ခေတ် အဆက်ဆက် က ရှေးဟောင်းရုပ်ပွား တော်တွေဖြစ်တယ်လို့လည်း သိရပါ တယ်။
“သူကလဲ ဝယ်စုတယ် ပြောတယ်၊ အဲ ဒီဂျပန်ကြီးက အစိုးရနဲ့ တိုင်ပင်ပြီး ဝယ်စု တာ၊ သူနိုင်သလောက်ဝယ်ပြီး ကိုးကွယ် နေတာ၊ လူတွေလဲဖူးနိုင်အောင် ကျောင်း ထိုင်ဆရာ တော်ကို လာလှူတာ”လို့ အောင်ဇမ္ဗူတောရ ဓမ္မရိပ်သာကျောင်းမှ သက်တော် ၇၀ ကျော် ရှိပြီဖြစ်တဲ့ ဆရာ တော် ဦးနိမလက မိန့်ပါတယ်။

လမ်းပိတ်တဲ့အထိ စည်ကား

ရှေးဟောင်းဘုရားတွေကို ဒေသအ သီးသီး နယ်အသီးသီးက လာရောက်ဖူး မြော်ကြတာမို့ ကြာသပတေး၊ သောကြာ၊ စနေ၊ တနင်္ဂနွေ၊ ဥပုသ်နေ့တွေမှာ ကားကြီး ကားငယ်တွေ၊ ဆိုင်ကယ်တွေဟာ လမ်း ပိတ်တဲ့အထိ ပြည့်ကျပ်နေပါတယ်။ အထူး သဖြင့် စနေ၊ တနင်္ဂနွေနေ့ မှာ ဖူးမြော်သူတွေ ပိုများတာကြောင့် လမ်းလျှောက်ဝင်ရ တဲ့သူတွေတောင် ရှိပါတယ်။ ဒါကြောင့် ယခုကားကြီးတွေကို ဝင်ခွင့်မပေး တော့ဘဲ လမ်းထပ်မံချဲ့ပြီးမှသာ ဝင်ခွင့်ပေး မယ်လို့ လည်း သိရပါတယ်။
“အရင်တစ်ပတ် တနင်္ဂနွေနေ့ကဆိုရင် အိမ်စီးကားလေးတွေနဲ့ ဆိုင်ကယ်တွေနဲ့ ရှုပ်နေတာ၊ လူတွေလဲ လမ်းအပြည့်ပဲ၊ ပြည် လမ်းမပေါ်မှာဆို မန်းမလိုင်းမှတ်တိုင် အ ကျော်ကစပြီး ရဲဘော်ဈေးအထိ ပိတ်တာ သွားလို့ကို မရတော့ဘူး”လို့ အသက် ၂၀ ကျော်အရွယ် မနှင်းလဲ့က ပြောပါတယ်။

ဈေးသည်၊ ဆိုင်ကယ် အဆင်ပြေ

ရှေးဟောင်းဘုရားတွေကို စတင်ဖူး ခွင့်ပေးခဲ့ချိန်တုန်း က ဈေးသည်အနည်း ငယ်သာ ရှိခဲ့ပေမဲ့ အခုနောက်ပိုင်း ဘုရား ဖူးတွေ များပြားလာတဲ့အချိန်မှာတော့ ရွာခံ ဈေးသည်တွေအပြင် တောရွာ အသီးသီး က ဈေးသည်တွေပါ လာရောက်ရောင်းချ နေကြပါတယ်။ အများစုက အရောင်းအ ဝယ်ကောင်းလို့ အဆင်ပြေတယ်လို့ သိရပါ တယ်။
“ဘုရားတွေရောက်ပြီး တော်တော်နဲ့ ဈေးသည်တွေ မရောက်သေးဘူး၊ အဒေါ် တို့ သုံး၊ လေးသည်ပဲ ရှိသေးတယ်၊ နောက်ပိုင်း ဘုရားဖူးတွေ များလာလို့ ရွာခံ အပြင် အခြားရွာက လူတွေလဲ လာရောင်း ကြတယ်၊ လူစည်တဲ့နေ့ဆို တော်တော် ရောင်း ရတယ်”လို့ တိုက်ကြီးမြို့နယ်မှ လာ ရောက် ရောင်းချတဲ့ ဒေါ်တင်ညွန့်က ပြော ပါတယ်။
အခုလို ဘုရားဖူးတွေ များပြားလာ တာကြောင့် ရွာခံဆိုင်ကယ် ကယ်ရီသမား တွေလည်း အလုပ်ဖြစ်နေကြပြီး အချို့ ဆိုရင် လူစည်ကားတဲ့ရက်တွေမှာ ဈေးပို တောင်းတာတွေလည်း ရှိ တယ်လို့ သိရပါ တယ်။
“လမ်းမလျှောက်နိုင်လို့ ဆိုင်ကယ်စီး ပါတယ်၊ လူထူပြီး လမ်းပိတ်လို့ဆိုပြီး လမ်း တစ်ဝက်မှာပဲ ချထားခဲ့တယ်၊ ပိုက်ဆံတော့ အပြည့်တောင်းသွားတယ်၊ ၅၀ဝ တန်တဲ့ ခရီးကို မသိတဲ့သူဆို ဈေးပိုတောင်းတာနဲ့ တောင် ကြုံရတယ်”လို့ အသက် ၅၀ ကျော် အရွယ် ဒေါ်မြရီက ပြောပါတယ်။

သီးသန့်ဘုရားဖူးယာဉ်

တချို့မြို့နယ်တွေမှာ ဂျပန်ရှေး ဟောင်းဘုရားအတွက် သီးသန့်ခရီးစဉ်ဆွဲတာမျိုးတွေတောင်ရှိတယ်လို့ သိရပါ တယ်။
“အန်တီတို့ရပ်ကွက်ထဲမှာတော့ ဒီ ဘုရားအတွက် သီးသန့်ဆွဲနေတယ်၊ တစ် ယောက် ၁၀ဝ၀ ပဲ ရှိတယ်၊ အရင်ကတော့ တခြားမြို့နယ်က ဘုရားဖူးယာဉ်တွေပဲရှိ တာ၊ အခုရှိလာတော့ သွားရတာ အဆင် ပြေတယ်၊ လမ်းရောက်မှ ကားသမားနဲ့ အ ဆင်ပြေလို့ တစ်ယောက် သုံးလေးရာ ပို ပေးရင် လမ်းဘုရားတွေပါ ဝင်ပို့ပေးသေး တယ်”လို့ လှိုင်သာယာမြို့နယ်မှာ နေထိုင် တဲ့ မမော်မော်က ပြောပါတယ်။ဒါ့အပြင် တချို့က မိသားစုတွေ ၊ အိမ် နီးချင်းတွေ စုပေါင်းပြီး ကားစီးလုံးငှားကာ သွားရောက်ဖူးမြော်ကြတာတွေလည်းရှိ တယ်လို့ သိရပါတယ်။

ဘယ်နေရာမှ မပြောင်းပါ

ဂျပန်ဘုရားတွေကို နေပြည်တော်ကို ပို့မယ်၊ သည်လအတွင်းပဲရှိတော့မှာဆိုတဲ့ သတင်းတွေ ထွက်ရှိနေပေမဲ့ ဘုရားတွေကို ဘယ်နေရာမှ မပို့ဘဲ လက်ရှိကျောင်း တိုက်မှာသာ ထားရှိကိုးကွယ်သွားမယ် လို့လည်း သိရ ပါတယ်။

kumudrajournal

အေးချမ်းမွန် Credit To >Shan News https://www.facebook.com/excellencemedia

Post a Comment

 
Top