အေးမြင့်စန်း| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်
ယစ်မျိုးခွန်၊ မြေယာခွန်ကဲ့သို့သော တိုင်း၊ ပြည်နယ်တို့ ကိုယ်တိုင်ကောက်ခံခွင့်ရှိသည့် အခွန်ဝင်ငွေများ တိုးတက်ရရှိနိုင်ရေး ဥပဒေများပြင်ဆင်ရန် ကြိုးပမ်းနေသည်ဟု တိုင်း၊ ပြည်နယ် လွှတ်တော်ဆိုင်ရာ တာ ၀န်ရှိသူအချို့က နိုဝင်ဘာ ၂၆ ရက်တွင် မဇ္ဈိမကို ပြောသည်။
“မြေယာခွန်ဥပဒေကို လွှတ်တော်အနေနဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ရေးဆွဲပြီး တင်ထားတာရှိတယ်”ဟု ဧရာဝတီတိုင်း၊ လွှတ်တော်ကတိက၀တ်စိစစ်ရေး ကော်တီဥက္ကဋ္ဌ ဦးလှမြင့်က ပြောသည်။
ယင်းသို့ ဥပဒေများ ပြင်ဆင်ကောက်ခံမှုသည် တိုင်းပြည်နယ်များ တိုက်ရိုက်ရသည့် အခွန်ငွေကို ပိုမိုတိုး တက်ရရှိရန် ရည်ရွယ်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်းအနေဖြင့် ယစ်မျိုးခွန်ဥပဒေအသစ် ပြဋ္ဌာန်း ကောက်ခံနေ ပြီဟု သိရသည်။
ယခုပြင်ဆင်နေသည့် မြေယာခွန်ဥပဒေကြမ်းတွင် မူလဥပဒေပါ မြေတစ်ဧက နှစ်ကျပ်ဝန်းကျင်ကို လက် ရှိ သီးနှံပေါက်ဈေးဖြင့် တန်ဖိုးသင့် ကောက်ခံရန် စီစဉ်နေခြင်းဖြစ်သည်။
“အနိမ့်ဆုံး ငါးကျပ်မှ ၁၀ လောက်အထိကို သတ်မှတ်ရေးဆွဲဖို့ စဉ်းစားတဲ့ သဘောရှိတယ်”ဟု ဦးလှမြင့် က ရှင်းပြသည်။
ယင်းသည် တောင်သူများအတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြည်နယ်ဝင်ငွေကိုလည်း တိုးစေနိုင်သည် ဟု ၎င်းက သုံးသပ်သည်။
ရခိုင်ပြည်နယ်အတွင်း အခွန်အခ တိုးမြှင့်ကောက်ခံနိုင်ရေး ကြိုးပမ်းနေသည်ဟု ပြည်နယ်လွှတ်တော် ဥပ ဒေပြုရေး ကော်မတီအတွင်းရေးမှူး ဦးအောင်မြကျော်က ပြောသည်။ သို့သော် အစိုးရအဖွဲ့က ဆောင် ရွက်ပေးရန် ပျက်ကွက်မှုကြောင့် ကြန့်ကြာနေရဟု ၎င်းက ဆိုသည်။
“ပြည်နယ်အတွင်း အခွန်ဘယ်လောက်ရတယ်ဆိုတာ မသိဘူး၊ လယ်ယာကဏ္ဍမှာဆို လယ်မြေတွေ ပြည်နယ်အတွင်းမှာ သန်းနဲ့ချီရှိတယ်။ ပြည်နယ်အစိုးရက ကောက်ခံတာမရှိသေးဘူး”ဟု ဦးအောင်မြ ကျော်က ပြောသည်။
ထို့ပြင် ယစ်မျိုးခွန်ဆိုင်ရာ တိကျသည့် အချက်အလက်များကိုလည်း ရခိုင်ပြည်နယ်အစိုးရက အသိပေး ခြင်းမရှိဟု လွှတ်တော်တာဝန်ရှိသူတို့က ဆိုသည်။
အုပ်ချုပ်ရေးအဖွဲ့၏ ယင်းသို့ ပွင့်လင်းမြင်သာမရှိမှုနှင့် တာဝန်ပျက်ကွက်မှုတို့ ရခိုင်ပြည်နယ်အတွင်းရှိနေ သည်ဟု လွှတ်တော်ဘက်က ဝေဖန်သည်။
တိုင်း၊ ပြည်နယ်များ၌ ကိုယ့်ဘဏ္ဍာနှင့်ကိုယ် ရပ်တည်နိုင်သည့် ၀န်ကြီးဌာနဟူ၍ စည်ပင်သာယာရေးဝန် ကြီးဌာနသာရှိသည်ဟု ၎င်းတို့က ပြောသည်။
ယင်းကြောင့် တိုင်းပြည်နယ်များ လုပ်ပိုင်ခွင့်တွင် ပါဝင်သည့် အခွန်ဝင်ငွေများ ပိုမိုရရှိရေး ဥပဒေများ ပြ ဋ္ဌာန်းနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။
သို့သော် အစိုးရအဖွဲ့၏ ကြန့်ကြာမှုများက အဟန့်အတားဖြစ်စေသည်ဟု ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦး ၀င်းတင်ကလည်း ဆိုသည်။
“ဆွဲထားတာတော့ရှိတယ်၊ ဒါပေမဲ့ အစိုးရအဖွဲ့က တင်နိုင်တဲ့အခြေအနေမရှိတာနဲ့ ကျွန်တော်တို့က စောင့်နေရတယ်”ဟု ၎င်းက ရှင်းပြသည်။
ဧရာဝတီတိုင်းလွှတ်တော်အနေဖြင့် ရေချိုငါးလုပ်ငန်းဥပဒေ၊ ကျေးလက် ထင်းစိုက်ခင်းဥပဒေ၊ ကုန်တင် ကုန်ချဥပဒေ၊ မော်တော်ယာဉ်ဥပဒေ၊ စည်ပင်သာယာရေးဥပဒေ၊ ယစ်မျိုးခွန်ဥပဒေ၊ ရေချိုငါးလုပ်ငန်းဥပ ဒေများ ပြဋ္ဌာန်းထားပြီးဖြစ်သည်။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်နယ်နှင့်တိုင်းတို့သည် မြေယာခွန်၊ ယစ်မျိုးခွန်၊ အဆောက် အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်တို့ကို ကောက်ခံပိုင်ခွင့်ရှိသည်။
အေးချမ်းမွန် Credit To >Mizzima - News in Burmese
Post a Comment