0

November 27, 2013 at 9:55am

အေးမြင့်စန်း| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်


ကိုဂျင်မီ

(၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)


အမျိုးသားရေး လမ်းညွှန်ချက်ကတော့ ညီညွှတ်မှုကို ဖော်ပြတဲ့သဘောပါ။ ပထမတော့ ကျောင်းသား လှုပ်ရှားမှုဖြစ်တယ်။ နောက်ကျတော့ ပြည်သူလူထု တစ်ရပ်လုံးပါတယ်၊ အင်အားကြီးမားတဲ့ နယ်ချဲ့ဆန့် ကျင်ရေး လွတ်လတ်ရေးစိတ်ဓာတ်ကို ရတယ်။ အဲ့ဒီစိတ်ဓာတ်ကို ပြောင်းရမယ်။ ဒီနေ့အချိန်မှာလည်း ပုံ သဏ္ဍာန်မတူပေမယ့်လည်း ဒီမိုကရေစီအတွက် ညီညွတ်ရေးစိတ်ဓာတ်နဲ့ ညီညွတ်မှုကို ရယူနိုင်ရမယ်။ ညီညွတ်မှုလည်း ထားနိုင်ရမယ်။ အခုကာလ ပြုပြင်ပြောင်းလဲမှု အစပြုတယ်၊ ပြုပြင်ပြောင်းလဲမှုကို ကြိုး ပမ်းတဲ့နေရာမှာ နိုင်ငံပြုရေးစိတ်ဓာတ်နဲ့ သွားနေမယ်၊ ပါတီတွေ အရောင်အသွေးတွေကွဲတာရှိမယ်၊ တပ် မတော်ရဲ့ အခန်းကဏ္ဍဆိုပြီး ပုံသဏ္ဍာန်အရ အခန်းကဏ္ဍရှိနေပေမယ့် နိုင်ငံပြုရေးစိတ်ဓာတ်အပေါ် မူ တည်ပြီး အားလုံးပူးပေါင်း အလုပ်လုပ်ကြရလိမ့်မယ်။ အမျိုးသားရေစိတ်ဓာတ်က အရေးပါတယ်။လူတန်း စားပုံစံအရသာ ပျောက်ရင် ပျောက်သွားမယ်၊ အမျိုးသားရေးစိတ်ဓာတ်ကတော့ ဘယ်တော့မှ ပျောက် မသွားဘူး၊ ပြောင်းမသွားဘူး။ မှန်ကန်တဲ့စိတ်ဓာတ်တစ်ခုဖြစ်ဖို့ လိုတာပေါ့။

ဒေါက်တာအေးမောင်

(ဥက္ကဋ္ဌ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)

အမျိုးသားရေးစိတ်ဓာတ်ကတော့ မရှိလို့မရဘူး။ အမျိုးသားရေးစိတ်ဓာတ် အခံမရှိဘဲနဲ့ ဒီမိုကရေစီလမ်း ကြောင်းကို သွားရင် ကျွန်ဖြစ်သွားမှာပဲ။ အမျိုးသားစိတ် သိပ်ပြင်းထန်လွန်းရင်လည်း ဒီမိုကရေစီ ဆိတ် သုဉ်းသွားနိုင်တယ်။ အဲဒီကြားမှာ ချိန်ဆပြီးကာမှ အမျိုးသားရေး ဒီရေအမြင့်တက်ကို ဒီမိုကရေစီကြောင်း တည့်မတ်သွားအောင် ချိန်ဆနိုင်တဲ့ ခေါင်းဆောင်တွေနဲ့အတူ သွားရမှာပဲ၊ အမျိုးသားရေး အမှန်မရှိရင် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာ ပျက်သွားမှာပေါ့။ နိုင်ငံတစ်ခုဆိုတာ သူ့ရဲ့ပိုင်နက်နယ်မြေရှိမယ်၊ အမျိုးသားပြဋ္ဌာန်းကြတဲ့ အမျိုးသားရေးအဖွဲ့အစည်းတွေ ရှိမှာပေါ့။ မြန်မာနိုင်ငံ အမျိုးသားစိတ်ဓာတ်မခိုင် မာခဲ့လို့ကြောင့်ပဲ ပြောမလား၊ တလွဲဆံပင်ကြောင့်ပဲ ပြောမလား ဗြိတိသျှကျွန် ဖြစ်ခဲ့တာပဲလေ။

လွတ်လပ်ရေးအတွက် ကနဦး အမျိုးသားရေးစိတ်အခံ အရေးကြီးကြောင်း ရှေးလူကြီးတွေ သတိပေးခဲ့ တာပဲလေ။ ပင်ကိုယ် အမျိုးသားရေးစိတ်ဓာတ် မရှိဘဲနဲ့ ကိုယ့်နိုင်ငံကို ကာကွယ်လို့မရဘူး၊ အမျိုးသား ရေးစိတ်အခံမရှိဘဲ နိုင်ငံတစ်နိုင်ငံ မတည်မြဲနိုင်ဘူး၊ ဒီမိုကရေစီလှိုင်းနဲ့ ပက်သက်လို့ အနိမ့်အမြင့်ကို သုံး သပ်ပြီးကာမှ ဆုံးဖြတ်ရမှာက နိုင်ငံ့ခေါင်းဆောင်တွေရဲ့ တာဝန်၊ သူတို့ ချိန်ဆနိုင်မှုကောင်းလေ၊ နိုင်ငံ ရှေ့ကိုရောက်လေပဲ။ ဒီမိုကရေစီလှိုင်းကို သိပ်ပြီး မက်တွယ်သွားရင် အမျိုးသားရေးစိတ်မရှိရင် ကျွန်ဖြစ် မယ်၊ သူများအုပ်ချုပ်ခံဘ၀ ရောက်သွားမယ်။

ဦးဥာဏ်ဝင်း

(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်)

အမျိုးသားရေးစိတ်ဓာတ်က တစ်မျိုးသားလုံး ကောင်းစားရေး အမျိုးသားတွေအားလုံး ကောင်းစားဖို့ စိတ် ဓာတ်၊ အားလုံးက တကယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့အရာ ပြင်သင့်ပြင်ထိုက်တဲ့အရာကို လုပ်သွားဖို့ အဲဒါပဲ လိုအပ်ပါတယ်။ ပြည်သူ့အတွက်လုပ်ရမယ့် အလုပ်ကိစ္စကို ပြည်သူ့အတွက်လုပ်ကြရမယ်။ ဒီပြင့်သဘော တရားတွေပြောပြီး တကယ်တမ်း အလုပ်မဖြစ်ကြတာမျိုးတွေဆို တိုင်းပြည်အတွက် ပြည်သူအတွက် အကျိုးရှိလာမှာ မဟုတ်ဘူး။

ဦးကျော်ငြိမ်း

(ချင်းပြည်နယ်၊ သစ်တော၊ သတ္တုဝန်ကြီး)

အခုက လူထုတွေက ဒီမိုကရေစီခေတ်ကို သွားချင်တာ။ ဆန္ဒစောရင် မဖြစ်သင့်တာတွေ ဖြစ်နိုင်တယ်။ အခုလျှောက်တာကလည်း ဒီမိုကရေစီလမ်းကြောင်းကို သွားနေတာ တစ်ဦးတစ်ယောက်ရဲ့ ပုဂ်္ဂိုလ်ရေး ကြောင့် ပြဿနာဖြစ်သွားရင် လမ်းလွဲသွားနိုင်တယ်လို့ မြင်တယ်။ ပြည်သူနဲ့ အုပ်ချုပ်တဲ့အစိုးရ လက်တွဲ ပူးပေါင်း လိုချင်တဲ့ ဒီမိုကရေစီအစစ်မှန် ရနိုင်မှာပဲ။ တိုင်းရင်းသားတိုင်းမှာ အမျိုးသားရေးစိတ်ဓာတ် ရှိကြ တာပဲ။ အမျိုးသားရေးစိတ်ဓာတ် အလွန်အကျွံဖြစ်ရင် ပြင်းထန်လွန်းရင် မှားတတ်တယ်၊ညင်သာစွာ အစိုးရက ဘယ်လိုလုပ်နေတယ်၊ လူထုက ဘယ်လိုကူညီရမယ်ဆိုတာကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းလို့ရှိရင် လို အပ်တဲ့ ပန်းတိုင်ကို ရောက်မှာ။



အေးချမ်းမွန် Credit To >Mizzima - News

Post a Comment

 
Top