သတင်းတွေ အတင်းတွေ ဖတ်ရင်း လေ့လာ မိတာလေးတွေ တွေ့ရှိတာလေး
တွေကို ရေးမိတာပါ
တချိန်တခါတုန်းက နိုင်ငံတကာ အစည်းအဝေးတွေ ကို သွားခဲ့တုန်းက
အချိန်လေးပေါ့
ပြည်တွင်းက လာတဲ့ လူကြီးက ပြည်တွင်း က အကြီးဆုံး ဆိုတဲ့လူကြီးကို
တင်ပြ ပြီးသား စာသားကို နိုင်ငံတကာ အစည်းအဝေးမှာ ဖတ်ပြရတာပေါ့
အရပ်ထဲက လူတွေ ပြောစကားအရ ဆိုလျင် ပါတာတွေ ဖတ်ပြီးပြန်လာ
ရတာပေါ့၊ နောက် ကိုယ့်လိပ်ပြာတွေ ကိုယ်မလုံ တခုခုဖြစ်မှာဆိုးတော့
ရှောင်ရတဲ့ ပြည်ပ မီဒီယာတွေလည်း အမောပေါ့
ဒီမှာ ဘာတွေ့ရတာလဲ ဆိုရင် ဒီလို နိုင်ငံတကာ အစည်းအဝေးတွေမှာ
အခြားနိုင်ငံတွေက အချင်းချင်းရင်းနီုးမှုတွေ အမြင်ချင်းကို ပွင့်ပွင့်လင်းလင်း
ဖလှယ်ကြတာတွေ ပုဂ္ဂိုလ်ရေး ရင်းနီုးမှုကနေတဆင့် တနိုင်ငံနဲ့ တနိုင်ငံ
အပြန်အလှန် ပံ့ပိုးကူညီမှုတွေကို လေ့လာတွေ့ခဲ့ရတယ်
အဲဒီကတည်းက
အော် မြန်မာပြည်မှာ တကယ်ကို နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့ ရင်းရင်း
နီုးနီုး တွေ့ဆုံဆွေးနွေးပြီး လုပ်ကိုင်နိုင်တဲ့ ခေါင်းဆောင်မျိုးတွေ ရှိရင်
တို့နိုင်ငံလည်း သူတို့လို တိုးတက်မှာဘဲလို့ တွေးခဲ့မိပါသည်
သွားခဲ့ဘူးသော အတွေ့အကြုံလေးကို ပြေးမြင်မိသည်ကို ရေးသားခြင်းဖြစ်
ပါသည်
အဓိက တော့ ကမ္ဘာ့အလယ်မှာ မြန်မာရယ်လို့ ကျားတကောင်ဖြစ်လာဘို့
ပါ ဘယ်သူ အာဏာရသည် မရသည်ကို စိတ်မ၀င်စားပါ
ဖြစ်သင့် သည့်အမှန်တရားကို သာ ရေးသားဖြင်းဖြစ်ပါသည်
အေးချမ်းမွန်

Post a Comment