0

    Created on Friday, 18 October 2013 23:24

ရှမ်းပြည်နယ် ကိုးကန့်ဒေသ၌ မသန့်စင်ရသေးသော တိုက်တေနီယမ် တူးဖော်ရေး လုပ်ငန်းအတွက် တရုတ်ကုမ္ပဏီ တစ်ခုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း တရုတ်စီးပွားရေး ၀က်ဘ်ဆိုက်တစ်ခု ဖြစ်သော SinoCast ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ ရင်းနှီးမြှုပ်နှံမှုကို စက်မှုလုပ်ငန်းစု တစ်ခုဖြစ်သော Zongshen က လုပ်ကိုင်မည်ဖြစ်ကာ ထိုကုမ္ပဏီ၏ ပထမဆုံး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Zongshen စက်မှုလုပ်ငန်းစုသည် ကိုးကန့်အခြေစိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်း၍ သတ္တုတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်ရန် အခြေခံ သဘောတူညီချက် လက်မှတ်ရေးထိုး ထားပြီဟု သတင်းတွင် ဖော်ပြခဲ့ပြီး ကိုးကန့်အခြေစိုက် သတ္တုတူးဖော်ရေး လုပ်ငန်း၏ အမည်ကို ဖော်ပြခဲ့ခြင်း မရှိပေ။

၂၀၀၉ ခုနှစ်မတိုင်မီက ကိုးကန့်ဒေသကို ဖုန်ကျားရှင်က ဦးဆောင် အုပ်ချုပ်ခဲ့ကာ အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ဝင် အချို့ မှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး ဖုန်ကျားရှင်နှင့် ခေါင်းဆောင်အချို့ကို '၀'သွေးစည်း ညီညွတ်ရေးပါတီမှ ကယ်ထုတ်သွားခဲ့ကြောင်း တရုတ်- မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်များက ပြောကြား...



Zongshen စက်မှုလုပ်ငန်းစု အနေဖြင့် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ သန်း ၁၀၀ ကို သုံးကြိမ်ခွဲ၍ ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပထမအရစ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ယခုနှစ်အတွင်း ရင်းနှီးမြှုပ်နှံမည် ဖြစ်သည်။ Zongshen လုပ်ငန်းစုသည် မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ မီးစက်နှင့် အင်ဂျင်စက်များ ထုတ်လုပ်နေပြီး တရုတ်နိုင်ငံ Chongqing မြို့တွင် အခြေစိုက်တစ်ခု ဖြစ်သည်။ ထိုလုပ်ငန်းစုသည် နှစ်စဉ် မော်တော်ဆိုင်ကယ် အစီးရေ တစ်သန်းအထိ ထုတ်လုပ်ဖြန့်ဖြူးနေကြောင်း သိရသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သော ကိုးကန့်ဒေသကို ကုန်ကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ်တို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၂၀၀၉ ခုနှစ်မတိုင်မီက ကိုးကန့်ဒေသကို ဖုန်ကျားရှင်က ဦးဆောင် အုပ်ချုပ်ခဲ့ကာ အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ဝင် အချို့ မှာ တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင် သွားခဲ့ပြီး ဖုန်ကျားရှင်နှင့် ခေါင်းဆောင်အချို့ကို '၀'သွေးစည်း ညီညွတ်ရေးပါတီမှ ကယ်ထုတ်သွားခဲ့ကြောင်း တရုတ်- မြန်မာ နယ်စပ်ရှိ စစ်ရေးအကဲခတ်များက ပြောကြားသည်။

ဖုန်ကျားရှင် အုပ်ချုပ်စဉ်က ကိုးကန့်ဒေသတွင် သတ္တုတူးဖော်ရေးလုပ်ငန်း အနည်းငယ်သာ ရှိခဲ့ပြီး လောင်းကစား လုပ်ငန်းများ အများဆုံး ရှိခဲ့ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ကိုးကန့်ဒေသ၌ လှုပ်ရှားနေသော ပြည်သူ့စစ်အဖွဲ့မှာ လုံထန်ပြည်သူ့စစ် အဖွဲ့ဖြစ်ပြီး လောက်ကိုင်တွင် အခြေစိုက်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top