0

တတိယမြောက် ဥရောပခရီးစဉ် ထွက်ခွာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်လေဆိပ်၌ တွေ့ရစဉ်


    Created on Saturday, 19 October 2013 02:04

ဗြိတိန် စစ်တက္ကသိုလ်တွင် အမှာစကား ပြောကြားရန် အပါအ၀င် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး နောက်ပိုင်း တတိယမြောက် ဥရောပခရီးစဉ်ကို အောက်တိုဘာ ၁၈ ရက်က စတင်ခဲ့သည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပနိုင်ငံ ငါးနိုင်ငံသို့ သွားရောက်မည်ဖြစ်ကာ ဗြိတိန်အပါအ၀င် ပြင်သစ်၊ အီတလီ၊ ဘယ်လ်ဂျီယံနှင့် လူဇင်ဘတ်နိုင်ငံ ပါဝင်ပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့မှာ ပထမဆုံး ဥရောပ ခရီးစဉ် အတွင်းကလည်း ပါဝင်ခဲ့သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ရန်အပြင် ဥရောပ ပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြောက်အိုင်ယာလန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခြင်းနှင့် ပြင်သစ်နိုင်ငံတွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရန် စီစဉ်ထားကြောင်း သိရသည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ Sandhurst စစ်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြား ရန်အပြင် ဥရောပ ပါလီမန်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခြင်း၊ မြောက်အိုင်ယာလန်တွင် ငြိမ်းချမ်းရေး ဖြစ်စဉ်များ ကိစ္စရပ်များနှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးခြင်းနှင့် ပြင်သစ်နိုင်ငံတွင် Sakharov လူ့အခွင့်အရေးဆုကို လက်ခံရယူရန်...



ထို့အပြင် ဆွေးနွေးပွဲများ တက်ရောက်ရန်နှင့် မြန်မာ့ဒီမိုကရေစီ ရေးအတွက် အစဉ်တစိုက် ထောက်ခံအားပေးခဲ့သော အီတလီ နိုင်ငံရှိ မြို့လေးမြို့သို့ သွားရောက်ရန်လည်း စီစဉ်ထားကြောင်း သိရသည်။

ယခုခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဗဟိုကော်မတီဝင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ငံလင်း၊ ကိုယ်ရေးအရာရှိ ဒေါက်တာတင်မာအောင်နှင့် ဦးစိုးဝင်းတို့ လိုက်ပါသွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ် ဇွန် ၁၃ ရက်မှ ၂၉ ရက်အထိ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဗြိတိန်၊ နော်ဝေ၊ အိုင်ယာလန် နိုင်ငံများသို့ သွားရောက်ခဲ့ပြီး ဒုတိယမြောက် ဥရောပခရီးစဉ်အဖြစ် ၂၀၁၃ ခုနှစ် စက်တင်ဘာ ၁၀ ရက်မှ ၁၈ ရက်အထိ ပိုလန်၊ ဟန်ဂေရီနှင့် ချက်သမ္မတ နိုင်ငံများသို့ သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာတွင် နောက်ဆုံးအကြိမ် ကျခံခဲ့ရသော နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ် မေ ၂၉ ရက် တွင် ထိုင်းနိုင်ငံသို့ သွားရောက်မှုမှ စတင်ကာ ပြည်ပခရီးစဉ်များ ဆက်တိုက် သွားရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သည့် နိုင်ငံများမှာ ဟာဝိုင်ယီကျွန်းသို့ သွားရောက် လည်ပတ်ခြင်း အပါအ၀င် အမေရိကန်နိုင်ငံသို့ နှစ်ကြိမ်၊ အာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ တောင်ကိုရီးယား၊ ဂျပန်၊ မွန်ဂိုလီးယား၊ စင်ကာပူနိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

အေးချမ်းမွန် Credit To >Eleven Media Grouphttps://www.facebook.com/excellencemedia

Post a Comment

 
Top