0


19.10.2013
ဘယ်လ်ဂျီနိုင်ငံ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျင်းပမယ့် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဟောပြောပွဲ ကို ဧည့်ပရိသတ် တစ်ထောင်ကျော် တက်ရောက်ဖို့စာရင်းပေးသွင်း ထားတယ်လို့ တက္ကသိုလ်အုပ်ချုပ်ရေးမှုးက ဗီအိုအေကို ပြောပါတယ်။ စနေနေ့ဒေသစံတော်ချိန်မနက်ပိုင်းမှာသဒ္ဒါတရားနဲ့ ဂရုဏာတရားထားရှိရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောပွဲကိုကျင်းပမှာပါ။

ဥရောပကော်မရှင်ရဲ့ ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ကို ရောက်ရှိလာမယ့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
ဟာ ရောက်ရောက်ချင်းမှာပဲ မြို့တော်ဘရပ်ဆဲလ်နဲ့ ၁၂မိုင်ကျော်လောက်ဝေးကွာတဲ့ ဒလူဗမ်းကက်သလစ် တက္ကသိုလ်မှာ ကျောင်းသူကျောင်းသားတွေ၊ ပါမောက္ခတွေ အပါအ၀င် ဒေသခံပြည်သူတွေနဲ့တွေ့ဆုံဖို့ရှိပါတယ်။ သူ့ရဲ့ဟောပြောပွဲကို တက်ရောက်ဖို့ ဧည့်ပရိတ်သတ်ပေါင်း တစ်ထောင်ကျော် စာရင်းပေးသွင်းထားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားတဲ့ဂုဏ်သတင်းကြောင့် အခုလို ပရိသတ်ထောင်ကျော်ပြီးစာရင်းပေးသွင်းထားတာဖြစ်တယ်လို့ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့ဆက်ဆံရေးဌာန ညွန်ကြားရေးမှုး Daniel Rahier ကဗီအိုအေကိုပြောပါတယ်။ ဒါအပြင် ဒီပွဲဖြစ်မြောက်ဖို့ စီစဉ်ခဲ့ပုံကို အခုလိုပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ de Louvain ကက်သလစ်တက္ကသိုလ်က ဂုဏ်ထူးဆောင် ပေါမောက္ခဘွဲ့ကို ၁၉၉၈ခုနှစ်မှာ ချီးမြှင့်ခံထားရပါတယ်။ ဥရောပကော်မရှင်ရဲ့ဖိတ်ကြားချက်နဲ့ ဘယ်လ်ဂျီယမ်နိုင်ငံကို လာရောက်တဲ့အချိန်မှာ ကျနော်တို့တက္ကသိုလ်ကိုလည်း လာရောက်လည်ပတ်ချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းလာတဲ့အတွက် သူတွေ့ဆုံပွဲကို စနေနေ့မနက်ပိုင်းမှာကျင်းပဖို့ ကျနော်တို့ စီစဉ်ခဲ့တာပါ။ နိုင်ငံရေးမှာ သဒ္ဓါတရားနဲ့ ဂရုဏာတရားထားရှိရေး ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောမှာဖြစ်ပါတယ်။
ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်ကို တက္ကသိုလ်က နှစ်ပေါင်းများစွာကတည်းက အားပေးထောက်ခံလာတာဖြစ်တယ်လို့ Daniel Rahier ကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်နဲ့နှစ်ပေါင်းများစွာအကျဉ်းကျနေတဲ့ကာလမှာ ကျနော်တို့တက္ကသိုလ်ကနေ သူ့ကို ထောက်ခံအားပေးခဲ့ပါတယ်။ ဒါအပြင် တက္ကသိုလ်တည်ရှိနေတဲ့ မြို့က ဒေသခံတွေရဲ့ ပံပိုးထောက်ခံမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တာပါ။ နောက်တခုက ဒီတွေ့ဆုံပွဲမှာ နိုင်ငံခြားသံတမန်တွေပါဝင်ဟောပြောပေးဖို့ ဥရောပသမဂ္ဂရဲ့ လုပ်ထုံးလုပ်နည်းတွေကို ဒေါ်အောင်ဆန်းစုကြည်က မေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ တနင်္ဂနွေနေ့မှာ ဥရောပကောင်စီဥက္ကဋ္ဌ Herman Van Rompuy နဲ့ ဘရပ်ဆဲလ်မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။ တနင်္လာနေ့မှာတော့ လူဇင်ဘတ်နိုင်ငံမှာ EU ဥရောပသမဂ္ဂနိုင်ငံ ၂၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ နေ့လည်စာစားရင်း တွေ့ဆုံဖို့ရှိတယ်လို့ ဆိုပါတယ်။

အေးချမ်းမွန် Credit To >VOAhttps://www.facebook.com/excellencemedia

Post a Comment

 
Top