0


ခရေဖြူထုတ်လုပ်ရေးက စီစဉ် တဲ့ ‘မင်းသားနဲ့မင်းသမီး’ ဆိုတဲ့ ဇာတ် ကားမှာ ဖွေးဖွေးက အောင်ရဲလင်း၊ ဒါ ရိုက်တာကျော်ဇောလင်း(အတွေး ပုံ ရိပ်)တို့နဲ့ ရိုက်ကူးနေပါ တယ်။ ဒီ ဇာတ် ကားမှာ ကျောင်းသားဇာတ် ကားဖြစ်သလို၊ ကျောင်းသူတွေအတွက် အင်္ကျီအထည် ၂ဝကို လည်း ဖွေးဖွေးက စီစဉ်ပေးဖြစ်တယ်လို့ သိရပါ တယ်။

ကိုယ်ကိုယ်တိုင်အတွက်လည်း သေသေ ချာချာပြင်ဆင်လေ့ရှိတဲ့ ဖွေးဖွေးက “ဒီကားက သေသေချာချာ ထူးထူးခြားခြားလေး ပြင်ဆင်ထား တယ်။ ကျောင်းသား၊ကျောင်း သူတွေ အကုန်လုံးကအင်္ကျီဆင်တူတွေ အကုန်စီစဉ်ထားတယ်။ ကျောင်းမှာQueen တစ်ယောက်က ဂိုဏ်းစတားပေါ့။ သိုင်းလည်း တအားရူး သွပ်တဲ့သူပေါ့။ ကျောင်းသား ဝတ်စုံ တွေကို ကိုအောင်ရဲလင်းက စီစဉ်ပေးတယ်။ ကျောင်းသူဝတ်စုံကို အယောက်၂ဝဆိုတော့ အထည် ၂ဝ ဖွေးဖွေးက စီစဉ်ပြီး လုပ်ပေး တယ်။

အားလုံးဆင်တူဖြစ်အောင်လို့လေ။ ကျောင်းခန်းတွေလည်း များတော့လေ။ နောက် သိုင်းဆိုတော့ နမ်ချတ်ကူကစားတာ၊ ဘောက်ဆင် အိတ်တွေလည်းလုပ်ဖြစ်တယ်။ ကိုရီး ယားပုံစံရယ်လို့ မဟုတ်ပါဘူး။ တစ်ခုခုကို ရူးသွပ်နေတဲ့ လူငယ်ကျောင်းသား ပုံစံပါပဲ။ ဘယ်လိုင်းရယ်လို့ မဟုတ်ဘူး။ ဖွေးကားတိုင်းကို ပြင် ဆင်ရသလိုပဲ ပြင်ဆင်ပါတယ်။ ကားတစ်ကားကောင်းဖို့က ဘောလုံး ပွဲတစ်ခုလိုပါပဲ။ နည်းပြရော၊ ဘောလုံးပွဲ ဥက္ကဋ္ဌရော၊ ဘောလုံးဂိုးသွင်း သွားတဲ့သူရော၊ ဘောလုံး သမား တွေရော၊ ရှေ့ကလူရော ၊ နောက်က လူရော အားလုံးကောင်းမှ ဖြစ်လာ မှာ။ သူတို့က ဘယ်လောက်ပဲပံ့ပိုးပေမယ့် ကိုယ့်ဘက်က မကြိုး စားရင်လည်း မဖြစ်နိုင်ဘူး။ ကိုယ့်ဘက်က ဘယ်လောက် လုပ်လုပ် အားလုံးကောင်းလို့ ကားကောင်း ထွက်လာတာပါ” လို့ ပြောပြပါတယ်။

ဇာတ်လမ်းဆန်းဆန်းလေးတွေ အရိုက် များတဲ့ ဖွေးဖွေးက ဒီလို ဇာတ်တွေကို ရွေးချယ်သ လို ကိုယ် စိတ်တိုင်းကျတဲ့ ကားတွေများတယ်လို့ ပြော ပြတာကြောင့် “ကားတိုင်း ဆန်းတာတော့ မဟုတ် ပါဘူး။ ကိုယ်က တအား စိတ်ထဲမှာ ပါတော့ ဆယ်ကားလာရင် ကိုယ် တကယ် ရူးသွပ်ပြီး ရိုက်တဲ့ကားက ခုနစ်ကားလောက်ပါတယ်။ တချို့ကားတွေလည်း အခြေအနေ အကြောင်းကြောင်းတွေကြောင့် ကိုယ့်စိတ်တိုင်းမကျလိုက်တဲ့ ကား တွေလည်း ရှိတယ်။ ဒါပေမဲ့ ကားကြီးမှာတော့ ကိုယ့်စိတ်တိုင်းမကျဘဲ ရိုက်တဲ့ကားတစ်ကား မှမရှိပါဘူး။ ဖွေး တစ်လပိုင်းမှာ ကိုနေတိုး၊ ကို စိုင်းစိုင်း ခမ်းလှိုင်၊ ကိုဝိုင်း တို့နဲ့ ‘ကျူးပစ်ရဲ့ ကျေးကျွန်များ’ ဆိုတဲ့ ရုပ်ရှင်ကားကြီး ရိုက်မယ်” လို့ ပြောပြပါတယ်။

နိုဝင်ဘာ ၃ရက်နေ့မှာတော့ ‘လက်ပံ’ ဇာတ်ကားကို စင်ကာပူမှာ သွားရောက်ပြသမှာဖြစ်တဲ့အတွက် ဖွေးဖွေးက လိုက်သွားပြီး ပရိသတ် တွေကို လက်မှတ်ထိုးပေးမယ် လို့ ပြောပြပါတယ်။ ပရိသတ်တွေနဲ့တွေ့ ရမှာရင်ခုန်နေ တယ်ဆိုတဲ့ ဖွေးဖွေး ကို အကယ်ဒမီအတွက် ရင်ခုန်သံကို မေးကြည့်တော့..

“လက်ပံကားကြီးအတွက် စင်ကာပူက ပရိသတ်တွေနဲ့ သွားတွေ့ရ ပါတယ်။ ရင်လည်း တအားခုန်နေ တယ်။ ရန်ကုန်မှာတောင်မှ ဒုတိယ မြောက် ကိုယ့်ကားကြီး ရုံတင်တဲ့ ကားပေါ့။ နိုင်ငံခြားမှာ ပထမဆုံး ရုံတင်မယ့် ကား ဆိုတော့လေ။ဟိုကပရိသတ်တွေနဲ့လည်း တွေ့ရမှာလေ။ စိန်ဌေး ထုတ်လုပ် ရေးက စီစဉ်ထားတာပါ။ ဖွေး အနေနဲ့ ပြောရရင် အဲဒီ အချိန်တုန်းက ဖွေးရဲ့ကံ၊ ဖွေးရဲ့အရွယ်နဲ့ လက်ပံကားကို ရိုက်ခဲ့ရတာနဲ့တင် တအားကို ကျေနပ်နေပါပြီ။ ကျန်တာကို မမျှော်လင့်ပါဘူး” လို့ပြောပြ ခဲ့ပါတယ်။

မေမွန်မောင်၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

အေးချမ်းမွန် Credit To > Popular Journalhttps://www.facebook.com/excellencemedia

Post a Comment

 
Top