BREAKING NEWS: (10/24/2013 - 2:32 PM)
မြန်မာ့နိုင်ငံရေးအခြေအနေ ဗိုလ်ချုပ်မှူးကြီးဟောင်း စိုးရိမ်ဟု သူရဦးရွှေမန်းပြော
မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုရှိတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောဆိုခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေးအခြေအနေတွေကို လူကြီးတစ်ယောက်အနေနဲ့ စိုးရိမ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ သီတင်းကျွတ်ကာလ အစိုးရခေါင်းဆောင်တွေ သွားရောက် ဂါရဝပြုတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောခဲ့တယ်လို့ သတင်းမီဒီယာတွေကို ပြန်လည်ပြောဆိုခဲ့ပါတယ်။
လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံမှာ မဟုတ်ဘူးလို့လည်း သူ့ကို ပြောဆိုခဲ့တဲ့အကြောင်း သူရဦးရွှေမန်းက ဆိုပါတယ်။
အေးချမ်းမွန် Credit To > Kamayut Mediahttps://www.facebook.com/excellencemedia
မြန်မာ့နိုင်ငံရေးအခြေအနေ ဗိုလ်ချုပ်မှူးကြီးဟောင်း စိုးရိမ်ဟု သူရဦးရွှေမန်းပြော
မြန်မာပြည်ရဲ့ လက်ရှိနိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး သူ့အနေနဲ့ စိုးရိမ်မှုရှိတဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောဆိုခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေးအခြေအနေတွေကို လူကြီးတစ်ယောက်အနေနဲ့ စိုးရိမ်ပေမယ့် နိုင်ငံရေးမှာ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ သီတင်းကျွတ်ကာလ အစိုးရခေါင်းဆောင်တွေ သွားရောက် ဂါရဝပြုတဲ့အချိန်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက ပြောခဲ့တယ်လို့ သတင်းမီဒီယာတွေကို ပြန်လည်ပြောဆိုခဲ့ပါတယ်။
လက်ရှိ သမ္မတ ဦးသိန်းစိန်ကလည်း လာမယ့် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲတွေမှာ သမ္မတအဖြစ် ပြန်လည်အရွေးချယ်ခံမှာ မဟုတ်ဘူးလို့လည်း သူ့ကို ပြောဆိုခဲ့တဲ့အကြောင်း သူရဦးရွှေမန်းက ဆိုပါတယ်။
အေးချမ်းမွန် Credit To > Kamayut Media

Post a Comment