လင်းအောင်
ရန်ကုန် ၊ အောက်တိုဘာ ၃၁ ။ ။ နို ဝင်ဘာ၁ရက်တွင် ကျင်းပ မည့် မြန်မာ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက် တစ်ကျောင်းသားတပ်ဦး (မကဒ တ) ABSDF ကျောင်းသားတပ် မတော်၏ ၂၅နှစ်ပြည့် ငွေရတု အား ကျောင်းသားတပ်မတော် ၏မြောက်ပိုင်းနယ်မြေ (ဂျန်ထုန် -လခွမ်းဘွမ်)ဒေသစခန်းတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိ ရသည်။
ယင်းအခမ်းအနားသို့ ABSDF တောင်ပိုင်း၊ မြောက်ပိုင်း၊ အနောက် ပိုင်းနှင့် မြန်မာနိုင်ငံနယ် စပ်ဒေသတစ်လျှောက်မှ ကျောင်း သားတပ်ဖွဲ့ ဝင်များ၊ ဗမာနိုင်ငံ လုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ဗကသ)နှင့် လိုင်ဇာမြို့တွင် တိုင်း ရင်းသားလက်နက်ကိုင် ထိပ်သီး ညီလာခံသို့ ရောက် ရှိနေကြသည့် တိုင်းရင်းသား လက်နက်ကိုင်အ ဖွဲ့အစည်းများအား ယင်းအခမ်း အနားသို့တက်ရောက်ရန် ဖိတ် ကြားထားကြောင်း သိရသည်။
ABSDF ကျောင်းသားတပ် မတော်ဥက္ကဋ္ဌ ရဲဘော်သံခဲက ''ဒီ အခမ်းအနားဟာ (မကဒတ)ဗဟို တစ်ခုလုံး အနောက်ပိုင်း၊ တောင် ပိုင်းအပြင် ထိုင်း-မြန်မာ နယ် စပ် တစ်လျှောက်လုံးမှာရှိတဲ့ တပ်ရင်း တပ်ဖွဲ့အသီးသီးအားလုံးကို ကိုယ် စားပြုတဲ့အခမ်းအနားဖြစ်တယ်'' ဟု ပြောသည်။
ABSDF ကျောင်းသားများ အနေဖြင့် ကရင်ပြည်နယ် ဝမ်ခ ဒေသတွင် ၁၉၈၈ နိုဝင်ဘာ၁ရက် မှ ၃ရက်အထိ ညီလာခံကျင်းပခဲ့ ပြီးနောက် ABSDF ကျောင်း သား တပ်မတော် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း၊ ညီလာခံစတင်ကျင်းပ သည့် နိုဝင်ဘာ၁ရက်အားကျောင်း သားတပ်မတော် စတင်တည် ထောင် သည့်နေ့ အဖြစ် သတ်မှတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကျောင်းသားတပ်မတော် အနေဖြင့် အစိုးရနှင့်ပြည်ထောင် စုအဆင့် အပစ်အခတ်ရပ်စဲထား သော်လည်း ABSDF အနေဖြင့် ဒီမိုကရေစီအရေး၊ တိုင်းရင်းသား များတန်းတူညီမျှရေးအတွက် ဆက် လက်တိုက်ပွဲဝင် မည်ဖြစ်ကြောင်း ရဲဘော်သံခဲက ဆက်လက်ပြော ဆိုသည်။
အစိုးရနှင့် ကျောင်းသား တပ်မတော်၏ ၂၅နှစ်ကျော်တိုက် ပွဲများကြောင့် ကျောင်းသားတပ် မတော်မှ ၆၇ဝကျော် အသက်ဆုံး ရှုံးခဲ့ပြီး ၄၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲဘော်သံခဲက ပြောသည်။
News Link=>http://goo.gl/kVkfIQ
အေးချမ်းမွန် Credit To >Yangon Media Group
Post a Comment