0


[ Ref-AFP ၊ နယူးယောက်စီးတီး ၊ အောက်တိုဘာ ၃၁]

ဖော့စ်မဂ္ဂဇင်းသည် ယခုနှစ်အတွက် ကမ္ဘာပေါ်တွင် ဩဇာအကြီးမားဆုံးပုဂ္ဂိုလ် ၁၀ ဦးစာရင်းကို ထုတ်ပြန်ကြေညာ ခဲ့ရာ မထင်မှတ်ဖွယ်အပြောင်း အလဲများဖြစ်ခဲ့သည်ကို တွေ့ရ သည်။ ယခုနှစ် ကမ္ဘာ့ဩဇာအကြီး မားဆုံးပုဂ္ဂိုလ်စာရင်းတွင် ၂၀၀၉ ခုနှစ် ရွေးကောက်ပွဲတွင်အနိုင်ရ ရှိခဲ့ပြီးနောက် နံပါတ်တစ်နေရာကို အပိုင်သိမ်းထားခဲ့သော သမ္မတ အိုဘားမားသည် ဒုတိယနေရာ သို့ ဆင်းပေးခဲ့ရသည်။

နံပါတ် တစ်နေရာကို လူ့အခွင့်အရေးချိုး ဖောက်မှုများဖြင့် နာမည်ကြီးနေ သော ရုရှားသမ္မတပူတင်က အံ့ ဩဖွယ်ရယူနိုင်ခဲ့သည်။ အဆင့် သုံးနေရာကို လွန်ခဲ့သောနှစ်က အဆင့်ကိုးနေရာတွင် ရပ်တည် ခဲ့သော တရုတ်သမ္မတရှီကျင့်ပင် က ရရှိခဲ့သည်။

အဆင့်လေးနေရာကို ပုပ် ရဟန်းမင်းကြီးဖရန်စစ်က တစ်ဆင့် တိုးကာ ရပ်တည်နိုင်ခဲ့ပြီး အဆင့်ငါးနေ ရာကို ၂၀၁၂ခုနှစ်တွင် အဆင့်နှစ် ချိတ်ခဲ့သော ဂျာမနီအစိုးရခေါင်း ဆောင်အန်ဂျယ်လ်လာမာကယ်လ် က ဆင်းပေးခဲ့ရသည်။ အဆင့် ခြောက်နေရာတွင် Microsoft ပိုင်ရှင်ဘီလ်ဂိတ်က ရပ်တည်နေ ပြီး လွန်ခဲ့သောနှစ်အဆင့်လေး မှ ကျဆင်းခဲ့ခြင်းဖြစ်သည်။ အ ဆင့်ခုနစ်အဖြစ် အမေရိကန်ဗဟို ဘဏ်ဥက္ကဋ္ဌဘန်ဘာနန်ကီက အ ဆင့်ခြောက်နေရာမှ လျောကျခဲ့ ပြီး ဆော်ဒီဘုရင်အဗ္ဗဒူလာကတစ် ဆင့်ကျကာ အဆင့်ရှစ်တွင်တည် ရှိနေသည်။

တစ်ဆင့်ကျသွားသော ဥရောပဗဟိုဘဏ်ဥက္ကဋ္ဌ မာရီယို ဒရက်ဂီက အဆင့်ကိုးနေရာကို ရရှိခဲ့သည်။ ဖော့စ်မဂ္ဂဇင်း၏နှစ် စဉ် အယ်ဒီတာများရွေးချယ်သော ဩဇာအကြီးမားဆုံးပုဂ္ဂိုလ် ဆယ် ဦးစာရင်းမှ အံ့ဖွယ်ဖယ်ရှားခြင်း ခံရသူမှာ ဗြိတိန်ဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းဖြစ်ပြီး ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း ပထမဦး ဆုံးအကြိမ် ထိပ်တန်းကမ္ဘာ့ဩဇာ အကြီးမားဆုံးစာရင်းမှ လျော ကျခဲ့ခြင်းဖြစ်သည်။

ဖော့စ်မဂ္ဂဇင်း အမှုဆောင် အယ်ဒီတာ မိုက်ကယ်နိုယာက ဩဇာကြီးမားသောပုဂ္ဂိုလ်နှင့် ကောင်းသောပုဂ္ဂိုလ်များကြား တွင် အခြေခံအားဖြင့် ကွဲပြားခြား နားမှုရှိသည်ဟုဆိုပြီး ဩဇာအ ကြီးမားဆုံးပုဂ္ဂိုလ်များကို ရွေးချယ် ရာတွင် ၎င်းတို့၏အခွင့်အာဏာ ဖြင့် ကမ္ဘာကို အပြောင်းအလဲလုပ် နိုင်သူများကို အခြေခံထားကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု ပြော ကြားခဲ့သည်။

အေးချမ်းမွန် Credit To >Yangon Media Group https://www.facebook.com/excellencemedia

Post a Comment

 
Top