အိတ်ဖွင့် တင်ဒါခေါ်ယူခြင်း အတွက် အကြံပြုချက် များမှာ အခမ်းအနားတွင် ဆုရရှိ သူများအား ကြိုတင်သိရှိစေ နိုင်သည့် ဆောင်ရွက်ချက် များကို ရှောင် ရှားသင့် ပါသည်။
ဥပမာ- ရိုက်ကူးရေး ချန်နယ် များအား စာရင်း ကြို တင်ပေး ဝေထားခြင်း၊ အကယ်ဒမီ ဇာတ်ဝင်ခန်း များ ပြသရန် အတွက် Edit ပြုလုပ်ရာတွင် ဆုရရှိသူသာ မဟုတ်ဘဲ နောက်ဆုံး အဆင့် ဆန်ခါတင် စာရင်းဝင် အားလုံးကို Edit ပြုလုပ်စေသင့်ပါသည်။
ဆုတက်ယူမည့်သူ တစ်ဦး ဦးကို မှာကြားခြင်း ညွှန်ကြားခြင်း လုံးဝမပြုလုပ် သင့်ပါ။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်းငွေ အများဆုံး ချန်နယ်အား ရိုက်ကူး ခွင့်ပြုမည့် အကယ်ဒမီ ရင်ခုန်သံ အစီအစဉ် ရိုက်ကူးမှု ဆောင်ရွက်လိုခြင်း။
အထောက် အထား မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၏ ၁၁-၁ဝ-၂ဝ၁၃ ရက်စွဲပါစာ အမှတ်၊ မရအ/စီမံ/၂ဝ၁၃(၆၇၈)နှင့် ရက်စွဲတူ (၆၇၉) ၇-၁ဝ-၂ဝ၁၃ ရက် နေ့တွင် ကျင်းပ ခဲ့သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အမှုဆောင်များ ဆွေးနွေး ညှိနှိုင်းချက် အရအောက်ပါ အချက်များကို အကြံပြု တင်ပြထားပါသည်။
တင်ဒါ စနစ်ဖြင့် ရရှိမည့် ဝင်ငွေကို ယမန်နှစ် လက်မှတ်ရောင်းရငွေ နှင့် Bill Board ထောင်ခွင့်များကဲ့ သို့ ၅ဝ ရာခိုင်နှုန်း ခွဲဝေပေးရန် အကြံပြု အပ်ပါ သည်။
သတင်းထောက် များကိုလည်း Media Box များ သီးသန့်ထား ၍ ဆောင်ရွက်ပေး သင့်ပါသည် (အနုပညာရှင် များကို သီးခြား အင်တာဗျူး စေချင်ပါသည်)
အနုပညာရှင် များလျှောက်လမ်း သည် နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း ကော်ဇောနီ ဖြစ်သင့်ပါသည်။
အနုပညာရှင်များ ကားပေါ်မှ ဆင်းသက်သည် မှစ၍ စနစ်တကျ ရှိစေရန် လမ်းကြောင်း ချမှတ်မှု အကာအရံများ ထားရှိမှု လုံခြုံရေး စောင့်ကြပ်မှု များ ရှိသင့်ပါသည်။
တီဗီချန်နယ် များ၏ အင်တာဗျူး များကိုလည်း အရေအတွက် စိစစ်၍ လျှော့ ချသင့်ပါသည်။
အင်တာဗျူး ပြုလုပ်ရာတွင် လိုတို ရှင်း မေးမြန်းစေရန် ညွှန်ကြားချက် ထုတ်စေချင်ပါသည်။
အေးချမ်းမွန် Credit To >Popular Academy
Post a Comment