ကျော်ကျော်ဗိုက ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ နှစ်ကိုယ်ခွဲ ဇာတ်ကား ကို ရိုက်ကူးနေပြီး အက်ရှင်ဟာသ ဇာတ်လမ်း ဖြစ်ကြောင်း ပြော ပါတယ်။ နောက်ပိုင်းမှာ အနုပညာ ဖန်တီးမှု အသစ်တွေကို ကြိုးစား ပြီး ပြောင်းလဲ သွားဖို့ရှိကြောင်းကို ကျော်ကျော်ဗိုက..
“အနုပညာ တစ်ခုကို ပရိသတ် ရှေ့ချပြတဲ့နေရာမှာ ကိုယ့်ရဲ့ တီထွင် ဆန်းသစ် မှုရယ်၊ ဖန်တီးမှု ရယ်၊ တင်ပြပုံရယ် အကုန်လုံး လိုအပ် ပါတယ်။ အဲဒီ လိုအပ်တာတွေ အများကြီး ထဲမှာ Acting ပိုင်းဆိုင်ရာ တွေရော၊ ဇာတ်ရဲ့ကျောရိုးပိုင်း ဆိုင် ရာတွေရော၊ ပြောတဲ့ ဒိုင်ယာလော့ခ် ကအစ၊ ကင်မရာ ရိုက်ချက်တွေကိုပါ တတ်နိုင်သမျှ ကြိုးစား လေ့လာပြီး ပြောင်း ကြည့်နေပါတယ်။ အခုကတည်းက စပြီး လုပ်နေပါပြီ။ တဖြည်းဖြည်း နဲ့တော့ ပီပီပြင်ပြင်လေး ဖြစ်လာမှာပါ” လို့ ပြောပါ တယ်။
ကျော်ကျော်ဗို က သူ့ရဲ့ ဖေ့စ်ဘုတ် Fan Page ကနေ အနုပညာနဲ့ ပတ်သက် တဲ့ မေးခွန်းရှစ်ခု မေးမြန်းမှာ ဖြစ်ပြီး ဒီမေးခွန်းတွေကို မှန်ကန်စွာ ဖြေဆိုနိုင် တဲ့ ပရိသတ်တွေ နဲ့တွေ့ဆုံဖို့ စီစဉ်နေကြောင်း သိရပါတယ်။
“စဉ်းစား ထားတာတော့ ကြာပြီ။ ပရိသတ်တွေရဲ့ စကားတွေကို ကိုယ်တိုင် နားနဲ့ကြားချင် တာကြောင့်ပါ။ ပရိသတ်အင်အား ပေါ် မူတည် ပြီးတော့ တွေ့ ဆုံပွဲ လုပ်မှာပါ။ တချို့ နယ်တွေက ရှိနိုင်တယ်။ နိုင်ငံခြားက လည်းဖြစ်နိုင် တယ်။ တကယ်လို့ သွားဖို့လာ ဖို့ခက်ခဲတဲ့ နယ်ပိုင်းက ဆိုရင် အဲဒီလူတွေကို မှတ်ထား ပြီး သွားတွေ့မှာပါ။ နိုင်ငံခြားမှာ ဆိုလည်း ကျွန်တော်တို့ သွားတာနဲ့ ကြုံကြိုက်ရင် တွေ့ဆုံသွားမှာပါ” လို့ပြောပါတယ်။
ခိုင်ဝေလွင်
အေးချမ်းမွန် Credit To >Popular Journal < Thankhttps://www.facebook.com/excellencemedia

Post a Comment