0


နိုင်ငံတော်သံဃမဟာနာယက(မဟန) ၄၇ ပါး စုံညီအစည်း အဝေးအကြိုအဖြစ် မဟနဆရာတော်ကြီးများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးသူရဦးအောင်ကိုတို့ ဇူလိုင် ၁၁ ရက်တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ အကြိုညှိနှိုင်းအ စည်းအဝေးတွင် နိုင်ငံတော် သံ ဃမဟာနာယက(မဟန) ၄၇ပါး စလုံးကြွရောက်ခဲ့ကြပြီး ဆွေးနွေးပွဲ၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင်ကို ပြန်သွားသော်လည်း ဆရာတော်ကြီးများက ညနေ  ၅နာရီကျော်အထိ ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း မဟာနာယကကျောင်းတော်ကြီးရှိ ဆရာတော်အချို့နှင့် သာသနာရေးဝန်ထမ်းများထံမှ စုံစမ်း သိရှိရ သည်။
လေးလတစ်ကြိမ်  ကျင်းပ သော (မဟန)၏ ၄၇ ပါးစုံညီအ စည်းအဝေးကို ယခုလ ၁၃ရက်နှင့် ၁၄ ရက်တို့တွင် ကျင်းပမည်ဖြစ် သည်။
 အမျိုးဘာသာ  သာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) သည် တရားဝင်  အဖွဲ့အစည်း ဟုတ်၊ မဟုတ် ဆိုသည်ကို နိုင်ငံ တော် သံဃမဟာနာယက(မဟ န) ၄၇ပါးစုံညီအစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး ယခုရက် ပိုင်းအတွင်း ကြေညာချက် ထုတ် ပြန်မည်ဖြစ်ကြောင်း မဟန ဦးဆောင် ဆရာတော်ကြီးတစ်ပါးကမိန့်ကြားထားသည်ဟု မြန်မာ့ပို့စ်ဂျာနယ်တွင် ဖော်ပြသည်။
မဘသအဖွဲ့သည် သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျည်းအရ ဖွဲ့စည်းခွင့်မရှိကြောင်း၊ သံဃာ့အဖွဲ့အစည်းစည်းမျည်းအရ ရပ်ကွက်သံဃနာယက၊ မြို့နယ်သံဃနာယက၊ တိုင်းသံဃနာယက၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့သာ ဖွဲ့စည်းခွင့်ရှိကြောင်း အဆိုပါဆရာတော်ကြီးက မိန့်ကြားခဲ့သည်ဟုဖော်ပြထားသည်။
သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအရ မြန်မာနိုင်ငံတွင်ဂိုဏ်း ပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့ အစည်းတစ်ခုသာ ရှိရမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ သံဃာအား လုံး ယင်းအဖွဲ့ဝင် ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း မြန်မာပို့စ် တွင်ရေးသားထားသည်။
 မဘသ ဦးဆောင်ဆရာ တော်ဦးဝီရသူက လွတ်လပ်သော အာရှအသံ(RFA) သို့ ယခုရက် ပိုင်းအတွင်း  မိန့်ကြားရာတွင်မဘသသည် တရားဝင်အဖွဲ့အစည်း ဖြစ်ပြီး မည်သည့်အစိုးရ၊ မည် သည့် နိုင်ငံတော် သံဃမဟာနာ ယက(မဟန)ကမျှ ဖျက်ဆီး၍မရ ဘဲ ဥပဒေဘောင်တွင်းက ဖွဲ့စည်း သော အဖွဲ့ဖြစ်ကြောင်းမိန့်ကြား ခဲ့သည်။

Post a Comment

 
Top