အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့(မဘသ) မလိုအပ်ဟု ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်ကို ဖြေရှင်းပေးရန် မ ဘသ(ဗဟို)ကတောင်းဆိုထား ခြင်းကို ဖြေရှင်းရန်မရှိဘဲ ဘာသာ ရေးနှင့်ပတ်သက်၍ နိုင်ငံတွင် နိုင် ငံတော်သံဃမဟာနာယက(မဟ န)အဖွဲ့ရှိကြောင်း အမျိုးသားဒီ မိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးက လွတ်လပ်သော အာရှအသံ(RFA Burmese)နှင့် အစီအစဉ်တွင် ဇူလိုင် ၁၁ရက်က ပြောကြားခဲ့သည်။
သာသနာရေးကိစ္စနှင့်ပတ် သက်၍ နိုင်ငံတော်တွင် အစစအ ရာရာညှိနှိုင်းဖြေရှင်းလုပ်ကိုင်ပေး နေသော သံဃမဟာနာယကအ ဖွဲ့အစည်းရှိသေးကြောင်း သူရဦး တင်ဦးကပြောသည်။
မဘသမလိုအပ်ဟူသောရန် ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်း၏ပြောကြားချက် သည် ဒီမိုကရေစီသဘောအရ လွတ်လပ်စွာသဘောထားကွဲလွဲ ခွင့်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးသူရဦးအောင် ကိုကလည်းပြောကြားထားသည်။
သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးသူရဦးအောင်ကို၏ပြော စကားသည်အစိုးရအဖွဲ့အစည်း များနှင့် ညှိနှိုင်းပြောဆိုခြင်းဖြစ်ပြီး မဘသ(ဗဟို)ကတောင်းဆိုထား ခြင်းကို ဖြေရှင်းရန်မလိုအပ် ကြောင်း ၎င်းကပြောသည်။
‘‘သာသနာရေးဝန်ကြီး ပြောတာ သူတစ်ယောက်တည်း အနေနဲ့ပြောတာမဟုတ်ပါဘူး။ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းပြီး ပြောတဲ့သဘောဖြစ်ပါလိမ့်မယ်’’ ဟု ဦးတင်ဦးကလွတ်လပ်သော အာရှအသံသို့ ပြောကြားခဲ့သည်။
မဘသအဖွဲ့ မလိုအပ် ကြောင်း ပြောကြားခဲ့သော ရန် ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းနှင့်ပတ်သက်၍ အစိုးရတာ ၀န်ရှိသူများက တစ်ပတ်အတွင်း (ဇူလိုင် ၁၄ရက်နောက်ဆုံးထား ၍)ဖြေရှင်းပေးရန် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို)ကလေးနက်စွာတောင်းဆို ကြောင်းသဘောထားထုတ်ပြန် ထားသည်။
တစ်ပတ်အတွင်းမဖြေရှင်း ပါက တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆန္ဒဖော်ထုတ်မည်ဖြစ်ပြီး လက်မှတ်ရေးထိုးကောက်ခံမည့် လှုပ်ရှားမှုများပါပြုလုပ်မည်ဖြစ် ကြောင်း မဘသဦးဆောင်ဆရာ တော်ဦးဝီရသူကမီဒီယာများအား မိန့်ကြားထားသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ထိပ်ပိုင်းခေါင်းဆောင်ဦးဝင်း ထိန်ကလည်း အမျိုးဘာသာသာ သနာစောင့်ရှောက်ရေးအဖွဲ့(မ ဘသ)(ဗဟို)၏တောင်းဆိုချက် အပေါ် တုံ့ပြန်မည်မဟုတ် ကြောင်း ဇူလိုင် ၈ရက်တွင် ပြော ကြားထားပြီးဖြစ်သည်။
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.